Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သက်သတ်လွတ်ဝဥအစပ်ဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ၀ါတွင်းကာလအချိန်သမယတွင်

သက်သတ်လွတ်စားသူများအတွက် ရည်ရွယ်ပြီး သက်သတ်လွတ် ၀ဥအစပ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအစိမ်းမှုန့်၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်၊ ဆား၊ ငရုတ်သီးစိမ်း၊ ဆီ၊ ရှမ်းနံနံ တို့ လိုအပ်ပါမယ်။

 

အရင်ဆုံး ဝဥတုံးလေးကို ရေစင်အောင်ဆေးပြီးလျှင် အတုံးကလေးများဖြစ်အောင် တုံးလိုက်ပါ။

 

ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီးရင် ၀ဥကိုထည့်ပြီး အရင်အပူလှိမ့် လိုက်ပါ။ ဝဥလေးထဲက ရေထွက်လာပြီး တင်းတင်းလေး ဖြစ်လာပြီဆိုလျှင် ဖယ်ထားလိုက်ပါ။

 

ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို မညက်တညက်ထောင်းပြီး ငရုတ်သီးအစိမ်းမှုန့်၊ နနွင်းတို့နှင့် ဆီသတ်လိုက်ပါ။

 

ပြီးတော့မှ ဝဥတုံးလေးများ ထည့်လိုက်ပါ။ ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်ထည့်ပြီး ရေအနည်းငယ်နှင့် အဖုံးအုပ်ထားလိုက်ပါ။

 

မိနစ်အနည်းငယ်ခန့်ဆိုလျှင် ရှမ်းနံနံလေးထည့်မွှေလိုက်လျှင်တော့ မွှေးစပ်စပ်လေးနှင့် သက်သတ်လွတ် ဝဥဟင်းလေးကို ရပါပြီ။

Read times Last modified on Tuesday, 18 September 2018 15:23
Rate this item
(1 Vote)