Myanmar
ထမင်းမြိန်စေတဲ့ ငါးပိထောင်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မိုးတွင်းကာလ ရာသီဥတုအေးအေးလေးမှာ
ပူစပ်ပူစပ်နှင့် ထမင်းမြိန်စေမည့် ငါးပိထောင်းလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငါးပိ၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ပန်းကန်ပြားတစ်ခုမှာ ငါးပိတွေကို ခပ်ပါးပါးဖြန့်ခင်းပြီး ဆူနေသော ပေါင်းအိုးမှာပေါင်းထားပါ။
ပေါင်းတဲ့ငါးပိကဖောင်းလာပြီး မွှတက်လာပြီဆို အအေးခံထားပါ။
ပြီးနောက် ဒယ်အိုးတစ်လုံးမှာ ပုစွန်ခြောက်တွေကို မီးအေးအေးနဲ့ မွှေးနေအောင်လှော်ထားပါ။
ပုစွန်ခြောက်လှော်တွေကို ပထမဦးစွာ ထောင်းထားပါ။
အအေးခံထားတုန်း ငရုတ်သီးတွေကို ဒယ်အိုးထဲမှာ အညှာခြွေ၊ ရေဆေးပြီးသား ငရုတ်သီးတွေကို နူးအောင်ပြုတ်ပေးပါ။
ညက်ပြီဆိုမှ ပြုတ်ထားတဲ့ ငရုတ်သီးတွေ ထည့်ထောင်းပါ။ ဆား အနည်းငယ် ထည့်ထောင်းပါ။
ငရုတ်သီးနဲ့ ပုစွန်ခြောက်တွေ ညက်သွားပြီဆိုမှ ပေါင်းထားတဲ့ ငါးပိတွေထည့်ပြီး စေးညှက်သွားအောင် ထောင်းပေးပါ။
ပြီးလျှင် ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး အရသာဖြည့်စွက်ပါ။ ပြီးရင်တော့ အရသာပူစပ်ပူစပ်နှင့် ထမင်းမြိန်စေမည့် ငါးပိထောင်းလေးကို ဟင်းချို၊ ထမင်းပူပူလေးနှင့် တွဲဖက်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။