Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုယ်တိုင်ကိုယ်ကျ စွန်တန်ခြောက်ပြုလုပ်နည်း

စွန်တန်ခြောက်ပြုလုပ်တော့မယ်ဆိုရင်တော့ မုန်ညှင်းစိမ်း၊ မုန်လာဥဖြူ အရွက်တွေသုံးလို့ရပေမယ့် အကောင်းဆုံးကတော့  မုန်ညှင်းစိမ်းဖြစ်ပါတယ်။

 

မုန်ညှင်းစိမ်း ခပ်ရင့်ရင့်တွေကို ရွေးချယ်ပြီး အပင်လိုက် (သို့မဟုတ်) အရွက်တစ်ခုချင်းစီကို (သဲစင်အောင်) ရေဆေး၊ ရေစစ်ထားပါ။

 

ပြီးလျှင် နေပူပူမှာ ကြိုးတန်းလေးပေါ်တွဲလောင်းချပြီး နေလှန်းပေးရပါမယ်။ အတော်လေးနွမ်းပြီဆိုရင်တော့ ဆား၊ ထမင်းရည်တို့နဲ့ မကြေအောင် ဂရုစိုက်နယ်ပြီး ပုလင်းလွတ် (သို့မဟုတ်) စဥ့်အိုးလွတ်သန့်သန့်မှာ အချဉ်သိပ်ပေးရပါမယ်။

 

Read More >>>>>  ရှမ်းခရမ်းသီးပဲပုပ်ထောင်း

 

ပြီးနောက် မုန်ညှင်းရွက်တွေချဉ်လာပြီဆိုရင် အိုးထဲကထုတ်၊ အချဉ်ရေတွေကုန်စင်အောင် ပြန်ညှစ်ထုတ်ကာ နေပြန်လှန်းပေးပါ။

 

ပြီးလျှင် အိုးထဲမှာ ကျန်ခဲ့တဲ့အချဉ်ရည်တွေကို ၃ ပုံ ၁ ပုံ ကျန်အောင်ကျိုပြီးအအေးခံထားပါ။

 

နေလှန်းထားတဲ့ မုန်ညှင်းရွက်တွေ အနည်းငယ်ခြောက်တာနဲ့  ကျိုထားတဲ့အချဉ်ရည်မှာပြန်စိမ်ပြီး နေပြန်လှန်းပေးပါ။

 

နေလှန်းထားတဲ့ မုန်ညှင်းတွေခြောက်ပြန်ပြီဆိုရင်တော့ ပေါင်းအိုးမှာထည့် ရေနွေးငွေ့နဲ့ ပြန်ပေါင်းပေးပါ။

 

ပြန်ပေါင်းလိုက်မှာသာလျှင် အနံ့ ၊ အရသာနဲ့ ပြည့်စုံတဲ့ စွန်ထန်ခြောက်အဖြစ်သို့ အသွင်ပြောင်းသွားမှာဖြစ်ပါတယ်။


ပြီးလျှင် ပေါင်းအိုးထဲကထုတ်တဲ့ စွန်ထန်ခြောက်တွေကို နေပူပူမှာခြောက်နေအောင် လှန်းပြီးရင်တော့ သိုလှောင်၍ အသုံးပြုလို့ ရပါတယ်။

Read times Last modified on Monday, 20 May 2019 10:06
Rate this item
(1 Vote)