Myanmar



မန္တလေး ပဲမျိုးစုံ ဈေးနှုန်း အတက်အကျများ

မန္တလေး ပဲမျိုးစုံ ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၃၁ ၃ ၂၀၂၃

 

မန္တလေးပွဲစားကုန်သည်၊ စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံအနက် 

 

မတ်ပဲဈေးနှုန်းမှာ ရန်ကုန်ဝယ်လက်နည်းခြင်း၊ ရောင်းလိုအားထက် ဝယ်လိုအားနည်းခြင်းကြောင့် ယခင်အပတ်အရည် အသွေးအကောင်းဆုံး ၆၀ပိဿာ ၂၀၃၀၀၀ကျပ်မှ ယခုအပတ် ၂၀၀၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့် သွားသည်။

      

ပဲတီစိမ်းဈေးနှုန်းမှာ ပဲတီစိမ်းအညာမှာ အရောင်းအဝယ်အေးခြင်းကြောင့် ၅၆.၂၅ပိဿာလျှင်  အရည်အသွေးအကောင်းဆုံး ၁၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲတီစိမ်း(ခရမ်း)နှင့် ပဲခူး၊ ပြွန်တန်ဆာ၊ဒိုက်ဉီးမှဝင်သော ပဲတီစိမ်း(လမ်း)တို့မှာ ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် ပဲတီစိမ်း (ခရမ်း)နှင့် ၅၆.၂၅ပိဿာ အမြင့်ဆုံး ၂၂၀၀၀၀ကျပ် ပဲတီစိမ်း(လမ်း) ၁၉၀၀၀၀ဖြင့် ဈေးတည်ငြိမ်နေ သည်။

      

ပဲပုတ်(မြန်မာ/ရှမ်း)တို့မှာ အသစ်အဝင်နည်းသေးခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်း ကြောင့် အရည်အသွေးအကောင်းဆုံး ၅၃.၂၅ပိဿာ ၁၈၅၀၀၀ကျပ်မှ ၂၀၀၀၀၀ကျပ်သို့လည်း ကောင်း၊ ပဲပုတ်(ရှမ်း)မှာလည်း အဝင်နည်းသေးသော်လည်း ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၅၃.၂၅ပိဿာ ၁၆၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

     

ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ အသစ်များဝင်ရောက်မှုရှိခြင်း၊ ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် ပဲ စဉ်းငုံ(နီ) ၆၀ပိဿာ ၂၁၆၀၀၀ကျပ်၊ ပဲစဉ်းငုံ(ဖြူ) ၆၀ပိဿာ ၂၁၆၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေ သည်။

      

ကုလားပဲ(ကုဖြူကြီး)မှာ အသစ်များဝင်ရောက်ခြင်း၊ အရည်အသွေးပေါ်မူတည် ဈေးကွာခြား ခြင်း၊ လှောင်သမားအဝယ်ရှိခြင်းကြောင့် ၅၇.၂၅ပိဿာ အကောင်းဆုံး ၂၀၆၅၀၀ကျပ်မှ အညံ့ဆုံး ၂၀၅၅၀၀ကျပ်ဖြင့်လည်းကောင်း ကုလားပဲ(ထိုင်ဝမ်)မှာ အသစ်ဝင်ရောက်ခြင်း၊ ပဲခွဲစက်များအဝယ် များခြင်းကြောင့် ၅၆.၂၅ပိဿာ ၂၀၂၀၀၀ကျပ်မှ ၂၀၅၀၀၀ကျပ်သို့ ဈေးမြင့်လာသည်။ ကုလားပဲလုံး ဝါကြီးဈေးမြင့်သဖြင့် ခွဲခြမ်းမှာလည်း တပိဿာ ၄၈၀၀ကျပ်အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေသည်။ 

 

ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ ရန်ကုန်နှင့်တရုတ်ဝယ် လက်နည်းခြင်း၊မြို့တွင်းလုပ်ငန်းသုံးဝယ်ယူမှုသာရှိခြင်းကြောင့် ပဲကြီး(ကြီး) ၅၅.၂၅ပိဿာ ၂၄၀၀၀၀ ကျပ် ပဲကြီး(သေး) ၂၂၀၀၀၀ကျပ်၊ ထောပတ်ပဲ(ကြီး) ၂၄၀၀၀၀ကျပ်၊ ထောပတ်(သေး) ၂၃၀၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

      

 

ပဲလွန်းဖြူ/ပြာ၊ စားတော်ပဲတို့မှာလည်း အရောင်းအဝယ်အေးခြင်း၊ မြို့တွင်းလက်လီသမား အဝယ်သာရှိခြင်းကြောင့် ပဲလွန်းဖြူ ၆၀ပိဿာ ၁၄၅၀၀၀ကျပ် ပဲလွန်းပြာ ၅၄.၂၅ပိဿာ ၁၂၅၀၀၀ ကျပ်၊ စားတော်ပဲ(ကျွန်း) ၅၉.၂၅ပိဿာ ၃၂၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

     

ပဲယင်းနှင့်မြေထောက်ပဲတို့မှာ အသစ်ဝင်ရောက်မှုရှိပြီး အရည်အသွေးကောင်းခြင်း၊ ပဲခွဲစက် များအဝယ်ရှိခြင်းကြောင့် ပဲယင်း၆၀ပိဿာ ၁၅၅၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး မြေထောက် ပဲမှာ ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၂၇၅၀၀၀ကျပ်မှ ၂၈၅၀၀၀ကျပ် သို့ ဈေးမြင့်လာသည်။

.

Source:Market Information Service- DOP- MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Friday, 31 March 2023 15:23
Rate this item
(0 votes)