Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကန်စွန်းရွက်နှင့် မှို အရည်သောက်ဆမ်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အစပ်အရသာလေးနှင့် အရည်သောက်လေးစားချင်ပြီး

အသီးအရွက်ပဲစားချင်သူများအတွက် ကန်စွန်းရွက်နှင့် မှို အရည်သောက်ဆမ်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကန်စွန်းရွက်၊ မှို၊ ခရမ်းချဉ်သီး၊ ဆီ၊ ကြက်သွန်နီ၊ ငပိ၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးအကြမ်းမှုန့်၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကန်စွန်းရွက်ကို ထွင်ပြီး ရေဆေးသန့်စင်ထားပါ။ မှိုလေးတွေကိုလည်း ထက်ခြမ်းခြမ်းပြီး လှီးဖြတ်ထားပါ။

 

ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကိုလည်း အပိုင်းလိုက် လှီးဖြတ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ကြက်သွန်နီကို အရင်ထည့်ကြော်ပေးပါ။

 

ကြက်သွန်နီနွမ်းလျှင် ခရမ်းချဉ်သီးများထည့်ကာ ကြေသွားအောင် ဇွန်းနှင့် ဖိချေမွှေကြော်ပေးပါ။

 

ခရမ်းချဉ်သီးနွမ်းသွားလျှင်တော့ ငရုတ်သီးအကြမ်းမှုန့်၊ ငပိ နှင့် ပုစွန်ခြောက်မှုန့်တို့ ထည့်ကာ မိနစ်အနည်းငယ် မွှေကြော်ပေးပါ။



ပြီးလျှင်တော့ ကန်စွန်းရွက်ကို ထည့်လိုက်ပါ။ ပြီးနောက် မှိုထည့်ပြီး ရေထည့်၍ တည်ထားပေးပါ။

 

ပြီးရင်တော့ ဟင်းခတ်မှုန့်ထည့်ကာ အထက်အောက်မွှေပေးပြီး နောက်ထပ် ရေအနည်းငယ်ထပ်ထည့်၍ မိနစ်အနည်းငယ်ခန့် မွှေပေးပြီးလျှင်တော့ ကန်စွန်းရွက်နှင့် မှိုအစပ် သောက်ဆမ်းလေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:23
Rate this item
(2 votes)