Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးခြောက်နှပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူ ချက်ပြုတ်စားသောက်နိုင်တဲ့ ငါးခြောက်နှပ် ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ငါးခြောက်၊ ဆနွင်း၊ ဟင်းခတ်မှုန့်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်ပွခြောက်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးခြောက်ကို စိတ်ကြိုက် လိုသလိုတုံးထားပြီး ဆားရေနဲ့ နာရီဝက်လောက်စိမ်ပေးပါ။

 

ပြီးမှ ရေသုံးထပ်လောက်ဆေး၍ ရေစစ်ပြီး ဆနွင်း၊ ဟင်းခတ်မှုန့်နှင့် နယ်နှပ်ထားပါ။

 

ပြီးလျှင် ခရမ်းချဉ်သီးကို ရေဆေးပြီး ပါးပါးလှီးထားပါ။ ပြီးနောက် ငရုပ်ပွခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ညက်အောင် ကြိတ်ထားပါ။

 

ဒယ်အိုးကို မီးဖိုပေါ်တင်၍ ဆီထည့်ပြီး ပူအောင်တည်ပါ။ ဆီပူလာမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းထားတာ ထည့်၍ ဆီသတ်ပါ။

 

အနံ့မွှေးလာလျှင် ဆနွင်းမှုန့်လေးနည်းနည်းထည့် ခရမ်းချဉ်သီးထည့်ပြီးချေပေးပါ။ ခရမ်းသီးဆီပြန်ပြီး လိတ်နေရင် ငါးခြောက်ထည့်၍ မွှေပေးထားပါ။

 

လိုအပ်ပါက ရေနွေးဆူပြီးသား နည်းနည်းထည့်၍ ဆီပြန်အောင် ထပ်တည်ပါ။ ဆီပြန်ရင် အရသာကို အပေါ့အငန်မြည်းကြည့်ပါ။ အရသာမြည်းပြီးပြီဆိုလျှင်တော့ ငါးခြောက်နှပ်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read 7277 times Last modified on Tuesday, 18 September 2018 15:09
Rate this item
(2 votes)