Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရုံးပတီသီးကြွပ်ကြော်လေး လုပ်စားရအောင်

ရာသီမရွေး ၀ယ်လို့ရနိုင်တဲ့ ရုံးပတီသီးကို အိမ်တွင် နေ့လည်စာ သက်သတ်လွတ်အဆာပြေ ကြော်စားရအောင်နော်။

 

ပါဝင်ပစ္စည်းများကတော့ ရုံးပတီသီး၊ အကြော်မှုန့်၊ မဆလာ၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်ဆီ၊ ဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး မုန့်နှစ်ဖျော်ရန်အတွက် ဇလုံတစ်လုံးထဲမှာ အကြော်မှုန့်ကို မဆလာ၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆား၊ သကြား၊ ရေတို့ဖြင့် ရောနယ်ပြီး မုန့်နှစ်ရအောင် ဖျော်ထားပါ။

 

မုန့်နှစ်ရပြီဆိုလျှင် ရုံးပတီသီးနှစ်ကာ ဆီပူပူမှာထည့်လိုက်ပြီး နီညိုရောင်သန်းလာတဲ့အခါ  ကြွပ်ပြီး ရုံးပတီသီး ကျက်လာသည်အထိ ကြော်ပါ။

 

 ပြီးလျှင် ဆီစစ်ကာ ကြိုက်နှစ်သက်ရာဆော့စ်ဖြင့် တွဲဖက်၍ မြိန်ယှက်စွာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။

Read 1510 times
Rate this item
(1 Vote)