Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ (၂၀၂၀-၂၀၂၃)ခုနှစ် သက်တမ်းအတွက် အသင်း ဥက္ကဋ္ဌအဖြစ် ဦးဆန်းလင်းအား ရွေးချယ်တင်မြှောက်

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ (၂၀၂၀-၂၀၂၃)ခုနှစ် သက်တမ်းအတွက် အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲကို

ယနေ့ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် အသင်း၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ Electronic Voting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌအဖြစ် ဦးဆန်းလင်း ရွေးချယ် တင်မြှောက်ခံရပါသည်။
ဥက္ကဋ္ဌ ဦးဆန်းလင်းသည် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတွင် အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်မှတစ်ဆင့် အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်အသီးသီးထမ်းဆောင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၃)ခုနှစ် သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်ပါသည်။
အမှုဆောင်သစ်များရွေးချယ် တင်မြှောက်ပွဲကို နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြပြီး အသင်းသားများ Online မှတစ်ဆင့် အဆင်ပြေစွာမဲပေးနိုင်ရေးအတွက် Opa Vote Secure Online Voting Platform ဖြင့်အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့ကြသည်။
အမှုဆောင်သစ်များရွေးချယ် တင်မြှောက်ပွဲကော်မရှင်တွင် ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း နှင့် အတွင်းရေးမှူးအဖြစ် ဦးစိုးနိုင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်ဟန်၊ ဦးကျော်ကျော်ဝင်း၊ ဦးတင်မြင့်တို့ ပါဝင်ဆောင်ရွက်ခဲ့သည်။
ယနေ့ရွေးကောက်ပွဲတွင် အသင်းသားပေါင်း(၁၃၂)ဦးတို့မှ ဆန္ဒမဲပေးခဲ့ကြပါသည်။

 

 

 

Read 936 times Last modified on Sunday, 29 November 2020 18:35
Rate this item
(0 votes)