Myanmar



ဖိလစ်ပိုင် ဆန်တင်သွင်းမှု မြန်မာဆန် ဒုတိယအများဆုံး တန်ချိန် ၈ သောင်းကျော် တင်သွင်း

ဖိလစ်ပိုင် ဆန်တင်သွင်းမှု မြန်မာဆန် ဒုတိယအများဆုံး တန်ချိန် ၈ သောင်းကျော် တင်သွင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဖိလစ်ပိုင်နိုင်ငံသည် ဇန်နဝါရီလမှ ဇူလိုင်လအထိ ယခုနှစ် ခုနစ်လအတွင်း ဆန် မက်ထရစ်တန် ၁.၉၆ သန်း တင်သွင်းခဲ့သည်။

ယမန်နှစ်ထက် ၁၆.၃၇% လျော့နည်းသည်ဟု ဖိလစ်ပိုင်မှ  Bureau of Plant Industry (BPI) က ပြောကြားသည်။

ဖိလစ်ပိုင်သည် ပြည်တွင်း ဖူလုံရေးအတွက် ဆန်တင်သွင်းရသည့် နိုင်ငံဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းရောင်းချသည်။

“ပြည်ပဆန် တင်သွင်းတဲ့ လုပ်ငန်းရှင်တွေအတွက်  နိုင်ငံတကာဆန်ဈေးတွေ မြင့်တက်လာတာကြောင့် စျေးကြီးနေလို့ ‌ပြည်တွင်းမှာ ရောင်းအားကျဆင်းမယ့်အရေး ရှိနေတာကြောင့်  တင်သွင်းမှု လျော့နည်းလာရခြင်းဖြစ်ပါတယ်”ဟု Federation of Free Farmers ၏ နိုင်ငံလုံးဆိုင်ရာ မန်နေဂျာ Raul Q. Montemayor က ပြောကြားသည်။

 

အကောက်ခွန်ဗျူရို Bureau of Customs (BoC) အချက်အလက်များအရ ဇူလိုင်လတွင် ဖိလစ်ပိုင်မှ တင်သွင်းသည့်  ၅% ဆန်ကွဲပါ ဆန်ဈေးသည် တတန်လျှင် ကန်ဒေါ်လာ ၁၀၀ မြင့်တက်လာသည်။

 

၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန် အများဆုံး တင်သွင်းခဲ့သည်။ စုစုပေါင်း တင်သွင်းသည့် တန်ချိန်ပမာဏ၏ ၈၉.၆၈% ကို ဗီယက်နမ်ဆန် တင်သွင်းခဲ့သည်။ ဗီယက်နမ်ဆန် မက်ထရစ်တန် ၁.၇၅ သန်း တင်သွင်းခဲ့သည်။

မြန်မာဆန်ကို ဒုတိယ အများဆုံး တင်သွင်းခဲ့သည်။ မြန်မာဆန် မက်ထရစ်တန် ၈၃,၄၆၀ တင်သွင်းခဲ့သည်။

ထိုင်းဆန်ကို တတိယ အများဆုံး တင်သွင်းခဲ့သည်။ ထိုင်းဆန် မက်ထရစ်တန် ၇၆,၃၈၇ တန် တင်သွင်းခဲ့သည်။

 

ဖိလစ်ပိုင်တွင် ဇူလိုင်လအတွင်း မုန်တိုင်းတိုက်ခတ်ပြီးနောက်  စပါးခင်းများ ထိခိုက်ပျက်စီးမ‌ှုများ ရှိခဲ့သည်။ ထို့ပြင်  အယ်လ်နီညို၏း သက်ရောက်မှုကြောင့် စပါးထွက်ရှိမှု လျော့ကျနိုင်သည်။ သို့ဖြစ်ရာ စိုးရိမ်မှုများကြားတွင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်  ပုဂ္ဂလိကကဏ္ဍမှ ဆန် မက်ထရစ်တန် တစ်သန်းကျော် တင်သွင်းရန်  စိုက်ပျိုးရေး လက်ထောက်အတွင်းဝန် Merced A. Sombilla က တိုက်တွန်းသည်။

 

"တင်သွင်းဖို့ ဆန်မက်ထရစ်တန် ၁.၃ သန်း ခွင့်ပြုထားတယ်။ မသွင်းရသေးတာတွေ ကျန်နေသေးတယ်။ ပုဂ္ဂလိကကဏ္ဍကို ဆန်တင်သွင်းကြဖို့ ကျွန်မတို့ တကယ်တိုက်တွန်းပါတယ်" ဟု သူမက ပြောကြားသည်။

 

ဖိလစ်ပိုင်၏ ဆန်လက်ကျန်သည် ၃၉ ရက်အတွက်သာ ဖူလုံသည်ဟု သူမက ဆိုသည်။

 

“ကျွန်မတို့ရဲ့ လက်ရှိပြဿနာက စပါးအထွက်နည်းတဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ဆန် တင်သွင်းပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့မှာ ရက်ပေါင်း ၆၀ စာ ဖူလုံတဲ့ ဆန်လက်ကျန် ရှိနေဖို့ လိုတယ်။ ဩဂုတ်လ ၁ ရက်မှာ ၃၉ ရက်စာပဲ ဆန်လက်ကျန် ကျန်ရှိတယ်လို့ စိုက်ပျိုးရေးဌာနက ပြောပါတယ်" ဟု သူမက ပြောကြားသည်။

သို့ဖြစ်ရာ ဆန် ၂၁ ရက်စာ လိုနေသည်။ ထို့အတွက် ပြည်ပမှ တင်သွင်းပြီး ဖြည့်တင်းပေးရမည် ဖြစ်သည်။ 

"ဒါပေမဲ့ ဆန်ဈေးန‌ှုန်းတွေ မြင့်မားနေတော့ ပုဂ္ဂလိကကဏ္ဍက တင်သွင်းဖို့ ချင့်ချိန်နေကြတယ်" ဟု နိုင်ငံလုံးဆိုင်ရာ မန်နေဂျာ Raul Q. Montemayor က ပြောကြားသည်

 

ပြည်တွင်းဆန်ဈေးကွက်တွင် ပြည်တွင်းထွက်ဆန်နှင့် ပြည်ပမှ တင်သွင်းသည့်ဆန်တို့အကြား လက်လီဈေးနှုန်းများ ကွာခြားသည်။

 

စိုက်ပျိုးရေးဌာနှမှ ထုတ်ပြန်သည့် ဆန်ဈေးနှုန်းများ စာရင်းအရ ပြည်တွင်းထွက် ဆန် အကောင်းစား (ထိပ်စ) သည် တစ်ကီလိုဂရမ် ပီဆို ၄၀-၄၉ ပေါက်ဈေး ရှိပြီး အလယ်အလတ် (လတ်စ) သည် ပီဆို ၃၇-၄၄ ပေါက်ဈေး ရှိသည်။

 

သွင်းကုန်ဆန်ကို အကောင်းစားဆန်ကိုသာ တင်သွင်းသည်။ အနိမ့်တန်းဆန်များ တင်သွင်းခြင်း မပြုချေ။ သွင်းကုန်ဆန် မက်ထရိုမနှီလာတွင် တစ်ကီလိုဂရမ် ပီဆို ၄၄-၄၆ ပေါက်ဈေး ရှိသည်။ 

 

Source bworldonline

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 08 August 2023 23:43
Rate this item
(0 votes)