Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကျောက်ဆည်မှ တိုင်ဝမ်သင်္ဘော ဈေးကောင်းရရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဒွေးလှကျေးရွာမှ တောင်သူများသည် ယခင်က ယာမြေများတွင် ငရုပ်၊ ပဲမျိုးစုံနှင့် ငှက်ပျောသီးနှံများ စိုက်ပျိုးခဲ့ကြသော်လည်း

ယခုအခါ အဆိုပါသီးနှံများထက် အကျိုးအမြတ် ရရှိသည့် ထိုင်ဝမ်သင်္ဘောမျိုးများ ပြောင်းလဲစိုက်ပျိုးခဲ့ရာ သင်္ဘောပင်များ အပင်ဖြစ်ထွန်းပြီး အသီးအားကောင်းကာ ရောင်းချရာတွင် ဈေးကောင်းရသဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုင်ဝမ်သင်္ဘောများ စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ထုပ်များဝယ်ယူပြီး ပလတ်စတစ်အိတ်ငယ်များတွင် မြေဆွေးထည့်ကာ လေဝင်လေထွက်ကောင်းသည့် အရိပ်အောက်တွင် ပျိုးထောင်ထားရကြောင်း၊ ပျိုးပင်သက်တမ်း တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးမြေပေါ်တွင် တစ်ပင်နှင့်တစ်ပင် (၆)တောင်အကွာ အတန်းလိုက် စိုက်ပျိုးပြီး ရေသွင်းရေထုတ်လွယ်ကူစေရန် မြေဘောင်များပြုလုပ်ပေးရကြောင်း၊ စိုက်ပျိုးပြီး (၃)လအကြာတွင် အပွင့်များ စတင်ပွင့်ပြီး (၆)လအကြာတွင် ရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်ရကြောင်း ဒွေးလှကျေးရွာမှ စီးပွားဖြစ် ရွှေနီ(၁၆၈) ထိုင်ဝမ်သင်္ဘောသီးလုံးရှည်စိုက်ပျိုးသူ ဦးအောင်ကျော်ထံက သိရသည်။

ဒွေးလှကျေးရွာတွင် ထိုင်ဝမ်သင်္ဘောစိုက်ပျိုးတောင်သူ (၄၀)ကျော်ရှိပြီး ရွှေနီ(၁၆၈) အသီးလုံးရှည်မျိုးနှင့် (၇၈၆) သင်္ဘောအလုံးဝိုင်းမျိုးများ စိုက်ပျိုးကြကြောင်း၊ ရွှေနီ(၁၆၈)အသီးလုံးရှည်မျိုးသည် (၇၈၆) သီးလုံးအဝိုင်းမျိုးထက် စားသုံးသူများ ပိုမိုကြိုက်နှစ်သောကြောင့် သင်္ဘောပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူပြီး ရန်ကုန်၊ မန္တလေး၊ မူဆယ်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ရွှေနီ(၁၆၈) သင်္ဘောအလုံးရှည်မျိုး (၂)ထုပ် စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ (၇၄၀)ခန့်ပါရှိပြီး မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သဖြင့် ကုန်ကျစရိတ် (၁၂)သိန်းကျော် ကုန်ကျပြီး ရောင်းချရာတွင် (၇)ရက်တစ်ကြိမ် ခူးဆွတ်ရောင်းချရကြောင်း၊ အခင်းသိမ်းသည်အထိ တွက်ချက်ပါက ငွေကျပ်သိန်း(၅၀)ကျော် ပြန်လည်ရရှိသောကြောင့် ထိုင်ဝမ်းသင်္ဘောစိုက်ပျိုးသူများ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: mdn

Read times Last modified on Monday, 26 July 2021 10:03
Rate this item
(0 votes)