Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အညာ မန်ကျည်းရွက်သုပ်

 

မန်ကျည်းရွက်ပေါ်တုန်းလေး ထမင်းစားလို့မြိန်စေတဲ့အပြင် အကြိုက်လည်းတွေ့စေမည့်

အညာမန်ကျည်းရွက်သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ မန်ကျည်းရွက်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ မြေပဲဆန်လှော်ထောင်း၊ ပုစွန်ခြောက်မှုန့်၊ ဆီ၊ ဟင်းခတ်မှုန့်၊ ငံပြာရည် တို့လိုအပ်ပါတယ်။

 

ပထမဦးဆုံး မန်ကျည်းရွက်ကို ရေဆေးပြီး အရိုးထွင်ထားပါ။

 

ပြီးလျှင် ကြက်သွန်နီကို အခွံခွာပြီး လှီးဖြတ်ထားပါ။

 

ငရုတ်သီးစိမ်းကို ခပ်ပါးပါးဖြစ်အောင် လှီးထားပါ။

 

ပြီးနောက် ပန်းကန်တစ်ခုထဲကို မန်ကျည်းရွက်ထည့် ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ မြေပဲဆန်လှော်ထောင်း၊ ပုစွန်ခြောက်မှုန့်ထည့် ဆီစိမ်းထည့်ပြီး သုပ်လိုက်ပါ။

 

အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပြီး အရသာကို မြည်းကြည့်ပါ၊

 

အရသာအနေတော်ဖြစ်ပြီဆိုရင်တော့ ထမင်းပူပူလေးနှင့် မန်ကျည်းရွက်သုပ်လေးကို အသင့်သုံးဆောင်နိုင် ပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:13
Rate this item
(2 votes)