Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးစိမ်းသည်မလေး အဖြစ် ပုံမှားတင်ခံရတဲ့ တိုင်ဝမ်မော်ဒယ်

စင်ကာပူနိုင်ငံ ရေထွက်စားသောက်ကုန်များ ရောင်းချရာ Jurong Fishery Port မှာ ကိုဗစ်ကူးစက်မှုများ ဖြစ်ပွားနေစဉ် Jurong Fishery Port မှာ ဈေးရောင်းနေတဲ့ ငါးစိမ်းသည်မလေး အဖြစ်

တိုင်ဝမ်မော်ဒယ်တစ်ဦးရဲ့ ပုံကို အင်တာနက်မှာ ပုံမှားတင်မိခဲ့ကြပါတယ်။

တကယ်တော့ အသက် ၂၆ နှစ်ရှိ တိုင်ဝမ်မော်ဒယ် လျူပင်းပင်းကို စင်ကာပူမှ ငါးစိမ်းသည်မလေးလို့ ထင်ပြီး တင်လိုက်ကြတာ ဖြစ်ပါတယ်။ လျူပင်ပင်းက အရောင်းမြှင့်တင်ရေးအတွက် တိုင်ဝမ်မှ ငါးဒိုင်တွေမှာ ဓာတ်ပုံရိုက်ကူးခဲ့စဉ်တုန်းက ပုံတွေ ဖြစ်ပါတယ်။ တိုင်ဝမ်မှာ တည်ရှိတဲ့ Changhua ငါးစိမ်တန်းမှာ ငါးတွေ ရောင်းနေတဲ့ပုံများ သရုပ်ဆောင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူရဲ့ ညရေးညတာ အပျော်ရှာတဲ့ ကေတီဗီတွေမှာ ကိုဗစ်ကူးစက်မှုတွေ ဖြစ်ပွားခဲ့တာမှာ ကေတီဗီမှ ငှားရမ်းထားတဲ့ ဧည့်ခံမယ်တွေလည်း ကူးစက်ခံရပြီး တောင်ကိုရီးယား၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံသူတွေ ဗီဇာတရားမဝင် လုပ်ကိုင်နေကြတာဖြစ်ကြောင်း ပေါ်ပေါက်သိရှိခဲ့ပါတယ်။
အင်တာနက်မှာ ငါးစိမ်းသည်မတစ်ဦးအဖြစ် ပုံတွေ တင်ကြတဲ့သူတွေက လျူပင်းပင်းကို ဗီယက်နမ် နိုင်ငံသူ တစ်ဦးလို့ တင်ခဲ့ကြတယ်။ Jurong Fishery Port မှာ လုပ်ကိုင်နေတဲ့ ဗီယက်နမ်သူတစ်ဦးအဖြစ် ဆိုရှယ်မီဒီယာပေါ်မှာ ပုံတွေ ဝေမျှခဲ့ကြတယ်။ အထူးသဖြင့် WhatsApp messenger မှာ သူ့ပုံတွေ ပလူပျံသွားခဲ့ပါတယ်။
တချို့ကလည်း ချစ်စရာကောင်းလို့ ဟုတ်ဟုတ် မဟုတ်ဟုတ် ဝေမျှလိုက်ကြတာ ဖြစ်ပါတယ်။
ကိုဗစ်ကူးစက်ခဲ့တာက ကေတီဗီမှာ လုပ်ကိုင်တဲ့သူက Jurong Fishery Port မှာလည်း နေ့ဘက်မှာ အလုပ်လုပ်ကိုင်လို့ Jurong Fishery Port မှာ ကိုဗစ်ကူးစက်မှု တွေ ဖြစ်ပွားခဲ့တာ မဟုတ်ပါဘူး။ Jurong Fishery Port မှာ လုပ်ကိုင်နေသူတစ်ဦးက ကေတီဗီကို ညဘက်မှာ သွားရောက်လေ့ ရှိပြီး ကိုဗစ်ကူးစက်ခံရထားချိန်မှာ Jurong Fishery Port မှာ အလုပ်ဆက်လုပ်နေခဲ့တာကြောင့် Jurong Fishery Port မှာ ကိုဗစ်ကူးစက်မှုတွေ ဖြစ်ပွားကုန်တာ ဖြစ်ပါတယ်။
Jurong Fishery Port COVID-19 ကူးစက်မှု လူစု cluster က ၃၂၁ ဦးထိရှိခဲ့ပြီး ငါးဈေးကို လော့ဒေါင်းချပြီး ထိန်းချုပ်ခဲ့ပါတယ်။

 

WhatsApp-Image-2021-07-21-at-13.47.41.jpeg

 

Read times
Rate this item
(0 votes)