Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးထုတ်ကုန် တင်ပို့မှု ထိပ်တန်း (၁၀) နိုင်ငံ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း World Trade Organization (WTO) မှ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်စာရင်းမှာ မက္ကဆီကိုနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ ထိပ်တန်း ၁၀ စိုက်ပျိုးထုတ်ကုန်တင်ပို့နိုင်ငံများ စာရင်းမှ

ာ ပါဝင်လာတဲ့ နိုင်ငံအသစ် နှစ်ခု ဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံနှင့် မလေးရှားတို့ Top 10 စာရင်းမှ ထွက်သွားခဲ့ပါတယ်။
Top 10 စာရင်းရဲ့ ထိပ်ဆုံးနေရာကို ကြည့်ရင် အစီရင်ခံစာကို ၁၉၉၅ ခုနှစ်မှာ ထုတ်ဝေခဲ့စဉ်က အမေရိကန်နိုင်ငံဟာ ဝေစု ၂၂.၂% ရရှိခဲ့ပြီး အဓိက တင်ပို့သူ ဖြစ်ခဲ့ပါတယ်။ ဥရောပယူနီယံက ၁၉.၄% ဖြင့် ဒုတိယနေရာမှာ ရှိနေခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာတော့ ဥရောပ ယူနီယံက ၁၆.၁% ဖြင့် ပထမနေရာကို ရယူထားပြီး အမေရိကန်က ၁၃.၈ % ဖြင့် ဒုတိယနေရာကို ရောက်ရှိသွားပါတယ်။ နှစ်ခုစလုံး ၁၉၉၅ ခုနှစ်တုန်းကထက် ဝေစုလျော့နည်းကြပါတယ်။

ဘရာဇီးက ၁၉၉၅ နဲ့ ၂၀၁၉ စာရင်းနှစ်ခုစလုံးမှာ တတိယနေရာမှာပဲ ရှိနေပါတယ်။ ဒါပေမဲ့ တင်ပို့ဝေစုမှတော့ တိုးလာတယ်။ ၄.၈% ကနေ ၇.၈ % ဖြစ်လာခဲ့ပါတယ်။

ဩစတေးလျက ၁၉၉၅ ခုနှစ်တုန်းက ဝေစု ၄.၆% ဖြင့် စတုတ္တနေရာမှာ ရှိခဲ့ပြီး ၂၀၁၉ မှာတော့ ၃.၁ % ဖြင့် အဌမနေရာကို ရောက်ရှိသွားပါတယ်။
ကနေဒါကတော့ ပဉ္စမနေရာမှာ ဆက်ရှိနေပါတယ်။

တရုတ်နိုင်ငံက ဝေစု ၄% ဖြင့် ဆဌမနေရာမှာ ရှိခဲ့ရာမှ ၅.၄% ဖြင့် စတုတ္ထနေရာကို ရောက်ရှိလာပါတယ်။

ပထမမှ တတိယအထိ နိုင်ငံသုံးခုမှ တင်ပို့သော စိုက်ပျိုးရေးထွက်ကုန် ပမာဏက ကမ္ဘာ့နိုင်ငံအသီးသီး တင်ပို့တဲ့ ပမာဏ စုစုပေါင်းရဲ့ ၄၀% ရှိတယ်။ ၁၉၉၅ ခုနှစ်တုန်းက ထက်ဝက်နီးပါး ၄၇%. ရှိတာမို့ ၂၀၁၉ မှာ ဖြန့်ဝေမှု ပိုကောင်းသွားပါတယ်။

နောက်တစ်ချက်က ၁၉၉၅ ခုနှစ်တုန်းက ထိပ်တန်း (၁၀) နိုင်ငံစာရင်းဝင် နိုင်ငံတွေ့ရဲ့ စိုက်ပျိုးထုတ်ကုန် တင်ပို့မှုက ကမ္ဘာ့စိုက်ပျိုးထုတ်ကုန်တင်ပို့မှုရဲ့ ၇၁% ရှိခဲ့ပြီး ၂၀၁၉ မှာတော့ ၆၅% ပဲ ရှိပါတော့တယ်။ စိုက်ပျိုးထုတ်ကုန် တင်ပို့တဲ့ နိုင်ငံတွေအကြား ဖြန့်ဝေမှု ပိုကောင်းလာပါတယ်။

1-66.png

 

Read times Last modified on Tuesday, 03 August 2021 09:36
Rate this item
(0 votes)