Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောဆနွင်းမကင်းလေးလုပ်စားရအောင်

Unicode

 

ပိတ်ရက် မိသားစုဆုံတုန်းလေး အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ငှက်ပျောဆနွင်းမကင်းပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ငှက်ပျောသီးမှည့်၊ သကြား၊ ထောပတ်ဆီ၊ ပဲဆီ၊ ဂျုံ၊ ဘိန်းစေ့၊ ဆား၊ အုန်းရည် တို့လိုအပ်ပါမယ်။


ပထမဦးဆုံး ငှက်ပျောသီးများကို အခွံနွှာပြီး ကြိတ်ပေးထားပါ။


ပြီးနောက် ကြိတ်ထားသော  ငှက်ပျောသီးကို သကြား၊ ဂျုံနှင့် ဆားတို့ကိုထည့်ပြီး သမအောင် ရောမွှေပေးထားပါ။


ပြီးလျှင် ထောပတ်ဆီနှင့် ပဲဆီတို့ကိုလည်း ထည့်ပြီး နယ်ပေးပါ။


ပြီးနောက် ထောပတ်သုတ်ထားတဲ့ လင်ဗန်းထဲသို့ နယ်ပြီးသား မုန့်နှစ်များကိုထည့်၍ မျက်နှာပြင်ညီအောင် ညှိပေးပါ။

 

Read More >>>>> ၾကြပ္ၾကြပ္ရြရြေလးစားခ်င္သူမ်ားအတြက္ အပ္မႈိတန္ပူရာေၾကာ္


ပြီးလျှင် ညီညာသွားတဲ့ မုန့်မျက်နှာပြင်ပေါ်သို့ ထောပတ်အနည်းငယ်သုတ်ပေးပါ။ အုန်းရည် ဆမ်းပြီး ဘိန်းစေ့အနည်းငယ်ဖြူးပေးပါ။


ပြီးနောက် အပေါ်မီးများများနှင့် အောက်မီး အနေတော်တို့ဖြင့် တစ်နာရီခန့် ဖုတ်ပေးထားပါ။


အပေါ်ဘက် မျက်နှာပြင် အနီရောင်သန်းလျှင် မုန့်သားကျက်၊ မကျက်ကို ဓားဦးချွန်ဖြင့် ထိုးကြည့်ပြီး ဓားမှာ မုန့်ကပ်မပါလာ မုန့်ကျက်ပြီလို့ သတ်မှတ်၍ ရပါတယ်။


#Myanmar Food Industry Directory

 

 

ပိတ္ရက္ မိသားစုဆံုတုန္းေလး အိမ္တြင္ လြယ္လင့္တကူျပဳလုပ္ႏိုင္တဲ့ ငွက္ေပ်ာဆႏြင္းမကင္းျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ငွက္ေပ်ာသီးမွည့္၊ သၾကား၊ ေထာပတ္ဆီ၊ ပဲဆီ၊ ဂ်ဳံ၊ ဘိန္းေစ့၊ ဆား၊ အုန္းရည္ တို႕လိုအပ္ပါမယ္။

 

ပထမဦးဆံုး ငွက္ေပ်ာသီးမ်ားကို အခြံႏႊာၿပီး ႀကိတ္ေပးထားပါ။

 

ၿပီးေနာက္ ႀကိတ္ထားေသာ  ငွက္ေပ်ာသီးကို သၾကား၊ ဂ်ံဳႏွင့္ ဆားတုိ႕ကိုထည့္ၿပီး သမေအာင္ ေရာေမႊေပးထားပါ။

 

ၿပီးလွ်င္ ေထာပတ္ဆီႏွင့္ ပဲဆီတို႕ကိုလည္း ထည့္ၿပီး နယ္ေပးပါ။

 

Read More >>>>> ၾကြပ္ၾကြပ္ရြရြေလးစားခ်င္သူမ်ားအတြက္ အပ္မႈိတန္ပူရာေၾကာ္

 

ၿပီးေနာက္ ေထာပတ္သုတ္ထားတဲ့ လင္ဗန္းထဲသို႕ နယ္ၿပီးသား မုန္႕ႏွစ္မ်ားကိုထည့္၍ မ်က္ႏွာျပင္ညီေအာင္ ညွိေပးပါ။

 

ၿပီးလွ်င္ ညီညာသြားတဲ့ မုန္႕မ်က္ႏွာျပင္ေပၚသို႕ ေထာပတ္အနည္းငယ္သုတ္ေပးပါ။ အုန္းရည္ ဆမ္းၿပီး ဘိန္းေစ့အနည္းငယ္ျဖဴးေပးပါ။

 

ၿပီးေနာက္ အေပၚမီးမ်ားမ်ားႏွင့္ ေအာက္မီး အေနေတာ္တို႕ျဖင့္ တစ္နာရီခန္႕ ဖုတ္ေပးထားပါ။

 

အေပၚဘက္ မ်က္ႏွာျပင္ အနီေရာင္သန္းလွ်င္ မုန္႔သားက်က္၊ မက်က္ကို ဓားဦးခြ်န္ျဖင့္ ထိုးၾကည့္ၿပီး ဓားမွာ မုန္႔ကပ္မပါလာ မုန္႔က်က္ၿပီလို႕ သတ္မွတ္၍ ရပါတယ္။

 

#Myanmar Food Industry Directory

Read times Last modified on Thursday, 30 January 2020 15:40
Rate this item
(1 Vote)