Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲခူးတိုင်းဒေသကြီးတွင် မျိုးရင်းကြက်မွေးမြူရေးဆိုင်ရာလုပ်ငန်း အမေရိကန်ဒေါ်လာ ၄.၄ သန်းရင်းနှီးမြှုပ်နှံမှု အတည်ပြု

ပဲခူးတိုင်းဒေသကြီးတွင် မျိုးရင်းကြက်မွေးမြူရေးဆိုင်ရာလုပ်ငန်း အမေရိကန်ဒေါ်လာ ၄.၄ သန်းရင်းနှီးမြှုပ်နှံမှု အတည်ပြု Google

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှ

ရင်းနှီးမြှုပ်နှံမှု ၂ ခုကို အတည်ပြုပေးခဲ့ရာ တစ်ခုမှာ အထည်ချုပ် လုပ်ငန်း ဖြစ်ပြီး ကျန်တစ်ခုမှာ ကြက်မွေးမြူရေး လုပ်ငန်း ဖြစ်ပါသည်။ 

 

ရင်းနှီးမြှုပ်နှံမှု ပြုရန် အတည်ပြုပေးခဲ့သည့် လုပ်ငန်းအမည်မှာ De Heus Myanmar ၏ မျိုးရင်းကြက်မွေးမြူရန် အဆောက်အဦ ဆောက်လုပ်ခြင်းနှင့် ပြန်လည်ငှားရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းဖြစ်ပြီး ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။ နယ်သာလန်နိုင်ငံမှ လာရောက်လုပ်ကိုင်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄.၄ သန်း ဖြစ်ပါသည်။

 

ကျန်သည့် ရင်းနှီးမြှုပ်နှံမှုမှာ Panko Bago Co., Ltd. ဖြစ်ပြီး CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ကာ ထုတ်လုပ်မည့် အထည်ချုပ် လုပ်ငန်း ဖြစ်ပါသည်။


ရင်းနှီးမြှုပ်နှံမှုအမျိုးအစားမှာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံမှ လာရောက်လုပ်ကိုင်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅ သန်း ဖြစ်ပါသည်။
တည်နေရာမှာ ညောင်အင်း ကျေးရွာအုပ်စု၊ ပဲခူးမြို့နယ် ပဲခူးတိုင်း ဒေသကြီး ဖြစ်ပါသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)