Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီတာမင်-အေ ကြွယ်ဝတဲ့ ရွှေစပါး ဖိလစ်ပိုင်မှာ ပထမဆုံး စိုက်ပျိုးမည်

ဗီတာမင်-အေ ကြွယ်ဝတဲ့ ရွှေစပါး ဖိလစ်ပိုင်မှာ ပထမဆုံး စိုက်ပျိုးမည်

ဖိလစ်ပိုင်အစိုးရက အာဟာရ ကြွယ်ဝတဲ့ ရွှေစပါးကို ဖိလစ်ပိုင်မှာ စိုက်ပျိုးဖို့ အတည်ပြုပေးလိုက်ပါတယ်။ ထမင်းကို အဓိကထားပြီး စားသုံးတဲ့ နိုင်ငံတွေမှာ အာဟာရ ချို့တဲ့မှု တိုက်ဖျက်ရေးအတွက် ကြီးမားတဲ့ ဆန်းသစ်တီထွင်မှုဖြစ်တဲ့ ရွှေစပါး “golden rice” စပါးမျိုးမှ ထွက်တဲ့ ဆန်တွေ နောက်ထပ် ၁၈ လအကြာမှာ ထမင်းစား စားပွဲတွေပေါ်ကို ရောက်လာတော့မှာ ဖြစ်ပါတယ်။
မျိုးရိုးဗီဇ ပြုပြင်ထားတဲ့နည်းလမ်းဖြင့် မျိုးအသစ် ထုတ်လုပ်ထားတာ ဖြစ်ပြီး beta-carotene ဓာတ် ရေချိန် မြင့်မားတဲ့ စပါးမျိုး ဖြစ်ပါတယ်။ beta-carotene ဓာတ်ကို လူ့ခန္ဓာက ဗီတာမင်-အေ အဖြစ်သို့ ပြောင်းလဲပေးပါတယ်။

ဆင်းရဲတဲ့ မိသားစုတွေမှာ ဗီတာမင်-အေ ချို့တဲ့နေတာကို ရွှေစပါးမှ ရတဲ့ဆန်ကို စားခြင်းဖြင့် ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ကလေး ၅ဦးမှာ ၁ ဦးက ဗီတာမင်-အေ ချို့တဲ့လို့ ကိုယ်ခံအားစနစ်တွေ အားနည်း နေပြီး ပိုဆိုးတာက ကလေးကို မျက်စိကန်းသွားစေတာ ဖြစ်ပါတယ်။

ရွှေစပါးကို ပြည်တွင်း စားသုံးရန် ဦးတည်ချက်ဖြင့် စိုက်ပျိုးမှာ ဖြစ်ပေမဲ့ အောင်မြင်ဖြစ်ထွန်းရင် အခြားနိုင်ငံတွေမှာလည်း စိုက်ပျိုးနိုင်ဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားမှာ ဗီတာမင်-အေ ချို့တဲ့နေတဲ့ ကလေးတွေ သန်း ၁၉၀ လောက် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
ရွှေစပါးက သက်နုစပါးမျိုး ဖြစ်ပြီး ပျိုးပင် စစိုက်ချိန်မှ လေးလခန့်အကြာမှာ စပါးနှံတွေ မှည့်ပါတယ်။

ပြဿနာတစ်ခု ရှိလာနိုင်တာက ဆန်ရဲ့ အရောင်ဖြစ်ပါတယ်။ ရွှေစပါလို့ အမည်ပေးထားရတဲ့အကြောင်းရင်းက စပါးကို ကြိတ်ခွဲလိုက်လို့ ရလာတဲ့ဆန်က ဝါကျင့်ကျင့်အရောင် ရှိနေလို့ ဖြစ်ပါတယ်။ ဆန်ဆိုရင် ဖြူဖွေးနေမှ ကြိုက်ကြတဲ့အတွက် စားသုံးသူတွေကို ဆန်ဝါစားဖို့ ပညာပေးစည်းရုံးဖို့ လိုအပ်ပါလိမ့်မယ်။

နောက်ထပ်ဖြေရှင်းစရာတစ်ချက်က အမြောက်အမြား တိုးချဲ့စိုက်ပျိုးဖို့အတွက် မျိုးစပါးတွေ အလုံအလောက် ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)