Myanmar



မြန်မာနှင့် ပါကစ္စတန်အပါအဝင် ဆန်တင်ပို့သည့် နိုင်ငံများမှ ဆန်တန်ချိန် ၅၃၄,၀၀၀ ဝယ်ယူမှု အင်ဒိုနီးရှား စတင်

မြန်မာနှင့် ပါကစ္စတန်အပါအဝင် ဆန်တင်ပို့သည့် နိုင်ငံများမှ ဆန်တန်ချိန် ၅၃၄,၀၀၀ ဝယ်ယူမှု အင်ဒိုနီးရှား စတင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အင်ဒိုနီးရှားမှ နိုင်ငံပိုင် စားနပ်ရိက္ခာအေဂျင်စီ BULOG သည် ဆန် မက်ထရစ်တန် ၅၃၄၀၀၀ အထိ  ဝယ်ယူမည့် အစီအစဉ်ကို စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ 

နိုင်ငံအလိုက် ဝယ်ယူသည့်ပမာဏနှင့် ဈေးနှုန်းများကို အတိအကျ မသိနိုင်သေးပါ။  

 

ပါကစ္စတန်မှ ဆန်တန်ချိန် ၁၁၀,၀၀၀ ခန့်နှင့် မြန်မာနိုင်ငံမှ တန်ချိန် ၈၀,၀၀၀ ခန့်ကို  ဝယ်ယူခဲ့ကြောင်း ကုန်သည်များက ပြောကြားသည်။ ပါကစ္စတန်ဆန်နှင့် မြန်မာဆန် နှစ်မျိုးစလုံး၏ CIF ဈေးနှုန်းမှာ $635 ဝန်းကျင်ဟု ပြောကြားကြသည်။

 

 ထိုင်းဆန် တန်ချိန် ၂ သိန်းဝန်းကျင် ဝယ်ယူရန် ဆွေးနွေးနေသည်။ 

ဗီယက်နမ်ဆန် တန်ချိန် ၅ သောင်းခန့် ဝယ်ယူရန် အစီအစဉ် ရှိသည်။ 

ထိုင်းဆန်နှင့် ဗီယက်နမ်ဆန် နှစ်မျိုးစလုံး၏ CIF ဈေးနှုန်းမှာ $665 ဝန်းကျင်ဟု ပြောကြားကြသည်။

 

Source brecorder 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Monday, 18 December 2023 21:33
Rate this item
(0 votes)