Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဧရာမတ်ပဲစျေး နှင့် ပြည်ပဝယ်လိုအား

ယခင်သီတင်းပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၏ မတ်ပဲစျေးနှုန်းများ အတက်ဘက်တွင်ရှိနေကာ ယခုသီတင်းပတ်တွင်လည်း စျေးဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

ယခင်သီတင်းပတ်တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် ၄၀၀၀၀ ခန့်ရှိခဲ့ရာမှ ယခုအခါ မတ်ပဲစျေးဆက်တက်လာခဲ့ရာ ဩဂုတ်လ ၆ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၄၀၄၀၀၊ ၇ ရက်နေ့တွင် ကျပ် ၄၀၅၀၀၊ ၈ ရက်နေ့တွင် ကျပ် ၄၁၀၀၀၊ ၉ ရက်နေ့တွင် ကျပ် ၄၁၇၀၀၊ နှင့် ၁၀ ရက်နေ့တွင် ကျပ် ၄၂၆၀၀ အသီးသီးဖြစ်ပါသည်။

ပြည်ပဝယ်လိုအားလည်းအထိုက်အလျောက်အားကောင်းနေပြီး တောင်သူလက်ထဲတွင် ပဲလက်ကျန်နည်းပါးသွားချိန်တွင် ဖြစ်လေ့ရှိသည့်အလျောက် မတ်ပဲစျေးနှုန်းမြင့်တက်လာကာ မတ်ပဲအဓိကဝယ်ယူနေသော အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲလက်ကျန်အခြေအနေ၊ စိုက်ပျိုးထုတ်လုပ်မှုနှင့် အစိုးရ၏ပဲမျိုးစုံအပေါ်ချမှတ်သည့် မူဝါဒ၊ မိုးစိုက်ဧရိယာအခြေအနေ စသည့်အချက်များအပေါ်မူတည်၍ မတ်ပဲစျေးအတက်အကျဖြစ်ပေါ်လျှက်ရှိသည်။ ဩဂုတ်လအတွင်း အိန္ဒိယနိုင်ငံသို့ မြန်မာမတ်ပဲ ကွန်တိန်နာ အလုံးရေ ၁၀၀၀ ဝန်းကျင်အဝင်ရှိမည်ဟု ခန့်မှန်းထားသည်။

အိန္ဒိယနိုင်ငံသည် မြန်မာမတ်ပဲကိုအဓိကဝယ်ယူတင်သွင်းသူဖြစ်ပြီး ဇူလိုင်လနှောင်းပိုင်းအထိ အိန္ဒိယပြည်နယ် အများအပြားတွင် မိုးနည်းလျှက်ရှိကာ ပဲစိုက်ဧရိယာလျော့နည်းခဲ့ကြောင်းသိရသည်။ ယခု ဩဂုတ်လဆန်းပိုင်းတွင် အချို့ပြည်နယ်များတွင် မိုးရေရရှိမှု အားကောင်းလာသော်လည်း မိုးများပြီးစိုက်ဧကများရေကြီးနစ်မြုပ်မှုကြုံတွေ့ရကာ အချို့ဒေသများတွင်လည်း ယခင်အတိုင်း မိုးရေရရှိမှုနည်းပါးလျှက်ရှိသေးကြောင်း Agri World Mumbai ကဆိုသည်။

အိန္ဒိယနိုင်ငံ၏ ပဲစိုက်ဧရိယာလျော့ကျနေမှု ၊ ရာသီဥတုအခြေအနေများအရ မြန်မာမတ်ပဲစိုက်တောင်သူများအတွက် လာမည့် မတ်ပဲရာသီတွင် စျေးကောင်းရရှိမည့်အခွင့်အရေးဟု တွေးဆနိုင်ဖွယ်ရှိသည်။ သို့သော်လည်း မတ်ပဲသည် အိန္ဒိယနိုင်ငံ၏ အဓိကစားသုံးသီးနှံတစ်ခုဖြစ်သည့်အလျောက် မြန်မာမတ်ပဲကိုအဓိကဝယ်ယူရာတွင် ဝယ်သူစျေးကွက်အနေအထားဖြင့် တင်ပို့ရောင်းချနေရပြီး အိန္ဒိယအစိုးရသည်လည်း ၎င်းနိုင်ငံပြည်သူများ၏ သက်သာချောင်ချိရေးအတွက် ပဲတင်ပို့မှု တင်သွင်းမှုနှင့် အရောင်းအဝယ်အပေါ် မူဝါဒအသစ်များချမှတ်လုပ်ဆောင်လာနိုင်သဖြင့် မြန်မာမတ်ပဲစိုက်တောင်သူများအတွက် စိန်ခေါ်မှုများလည်းရှိနေနိုင်သေးကြောင်း ခန့်မှန်းရပါသည်။

ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
10-8-2021

၉.၈.၂၀၂၁ ဈေးနှုန်းများ

ရန်ကုန်ဘုရင့်နောင်

မတ်ပဲ တစ်တင်း ၄၁၅၁၁
ပဲစင်းငုံနီ တစ်တင်း ၄၁၄၀၀
ပဲတီစိမ်း တစ်ပိဿာ ၁၆၁၅ မှ ၂၁၇၀
စားတော်ပဲ တစ်ပိဿာ ၂၇၅၀ မှ ၂၉၅၀
ပဲကြီး(ကုန်း၊ရွှေကျွန်း) တစ်ပိဿာ ၂၂၆၀ မှ ၂၅၇၀
ကြက်သွန်နီ တစ်ပိဿာ ၁၅၀ မှ ၅၅၀
ငရုတ်ပု(ဆင်ဖြူကျွန်း) တစ်ပိဿာ ၆၅၀၀
မိုးထောင်(မြစ်ဝ) တစ်ပိဿာ ၃၄၀၀ မှ ၃၅၀၀

ဆင်ဖြူကျွန်း

စားတော်ပဲ တစ်တင်း ၅၉၀၀၀
ပဲရင်း တစ်တင်း ၂၀၀၀၀
ပဲထောပတ် တစ်တင်း ၁၈၀၀၀
ပဲတီစိမ်း တစ်တင်း ၃၀၀၀၀
နှမ်းနက်(စမုံ) တစ်တင်း ၄၅၀၀၀

AMIA

Read times
Rate this item
(0 votes)