Myanmar
စိန်တစ်လုံးသရက်သီး ကျောက်ကျော
သရက်သီးပေါ်ချိန်လည်းဖြစ် သရက်သီးကြိုက်နှစ်သက်သူများအတွက်
စိန်တစ်လုံးသရက်သီးကျောက်ကျော ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကျောက်ကျော၊ နို့စိမ်း၊ သကြား၊ ဆားတို့ လိုအပ်ပါမယ်။
ပထမဆုံး ကျောက်ကျောကို ရေထည့်ပြီး တည်ပေးပါ။ အောက်ခံအလွှာအတွက် ကျောက်ကျော၊ နို့စိမ်း၊ သကြား၊ ဆား၊ ရေ ထည့်ပြီး အားလုံးကို မွှေ၍ အရသာကို မြည်းကြည့်ပါ။
အရသာမြည်းကြည့်ပြီး လိုအပ်တာထည့်ပြီးရင်တော့ မီးဖိုပေါ်တွင် ကျောက်ကျောကို မွှေပေးပါ။ ဆူပွက်လာလျှင် အောက်ခံကို လောင်း၍ အအေးခံထားပါ။
အပေါ်သရက်သီးအတွက် သရက်သီးကို အခွံခွာပြီး သရက်သီးအရည်ရအောင်ကြိတ်ထားပါ။ သရက်သီးအရည်၊ ဆား၊ ကျောက်ကျောထည့်ပြီး မွှေပေးပါ။ ပြီးလျှင် အရသာကို မြည်းကြည့်ပြီး လိုအပ်လျှင် ထပ်ထည့်ပါ။
ရေဆူပွက်လာလျှင် သံပရာသီးညှစ်ထည့်ပါ။ နို့စိမ်းအလွှာ အပေါ်ယံခဲပါက သရက်သီးကို ဇွန်းဖြင့်ဖြေးဖြေး ချင်းလောင်းထည့်ပါ။ တစ်ခါတည်းလောင်းထည့်လိုက်ပါက ရောသွားတတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ကျောက်ကျောအေးခဲလာပါက ကျောက်ကျောကို မိမိစိတ်ကြိုက်ပုံစံဖြင့် လှီးဖြတ်နိုင်ပါတယ်။