Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက်အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက်အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းသည် သကြႅန်ကာလပိတ်ရက်ပြီး စတင်ဖွင့်သောကာလဖြစ်၍ ပဲမျိုးစုံအားလုံး အရောင်းအဝယ်ဖြစ်မှု နည်းနေသည်။

.

မတ်ပဲဈေးနှုန်း ရန်ကုန်ဝယ်လက်နည်းသော်လည်း လက်ကျန်နည်းခြင်းကြောင့် သကြႅန်မတိုင်မှီက ၆၀ ပိဿာ ၂၀၀၀၀၀ ကျပ် မှ ၂၀၂၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

.

ပဲတီစိမ်း (အညာ) မှာ လက်ကျန်ပုံမှန်ဖြစ်၍ အရောင်းအဝယ်အေးခြင်းကြောင့် ၅၆.၂၅ ပိ

ဿာလျှင် ၁၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ပဲတီစိမ်း(လမ်း)မှာ ၁၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲတီစိမ်း(ခရမ်း)မှာ အရည်အသွေးပေါ်မူတည်၍  ၂၂၀၀၀၀ ကျပ် မှ ၂၀၈၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

.

ပဲစဉ်းငုံ(ဖြူ)မှာ ပစ္စည်းရှားသော်လည်း အရောင်းအဝယ်အေးသောကြောင့် ၆၀  ပိဿာ ၂၁၆၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲစဉ်းငုံ(နီ)မှာ ခွဲစက်များ ဝယ်ယူမှုရှိသဖြင့် ၆၀ ပိဿာ ၂၂၆၀၀၀ ကျပ် မှ ၂၃၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

.

ပဲပုတ်(မြန်မာ)မှာ လုပ်ငန်းသမား ဝယ်ယူမှုရှိခြင်းကြောင့် ၅၃.၂၅ ပိဿာ ၂၀၀၀၀၀ ကျပ် မှ ၂၀၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ပဲပုတ်(ရှမ်း)မှာ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၁၆၀၀၀၀ ကျပ် မှ ၁၅၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

.

ကုလားပဲ (လုံးဖြူကြီး)မှာ သကြႅန်အပြီး လုပ်ငန်းသမား အဝယ်ရှိခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ၅၇.၂၅ ပိဿာ ၂၀၇၀၀၀ ကျပ် မှ ၂၁၃၀၀၀ ကျပ်သို့လည်းကောင်း ၊ လုံးဝါကြီးမှာ ခွဲစက်များ ဝယ်ယူမှုရှိခြင်းကြောင့် ၅၆.၂၅ ပိဿာ ၁၉၅၅၀၀ ကျပ် မှ ၂၀၇၀၀၀ ကျပ်သို့   ဈေးမြင့်လာပြီး ခွဲခြမ်းမှာ တစ်ပိဿာ ၄၈၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

သကြႅန်အပြီး စတင်ဖွင့်စဖြစ်သဖြင့် အရောင်းအဝယ်အေးခြင်းကြောင့် ပဲယင်း ၆၀ ပိဿာ ၁၅၃၀၀၀ ကျပ် ၊ စားတော်ပဲ(ကျွန်း) ၃၄၀၀၀၀ ကျပ် ၊ ပဲလွန်းဖြူ ၆၀ ပိဿာ ၁၄၀၀၀၀ ကျပ် ၊ ပဲလွန်းပြာ ၅၄.၂၅ ပိဿာ  ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.

ပဲကြီး (ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာလည်း စတင်ဖွင့်စဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမရှိဘဲ ယခင်သကြႅန်မတိုင်မှီကာလအတိုင်း ပဲကြီး (ကြီး) ၅၅.၂၅ ပိဿာ ၂၃၅၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၂၁၅၀၀၀ ကျပ် ၊ ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာ ၂၃၈၀၀၀ ကျပ် ၊ ထောပတ်ပဲ(သေး) ၂၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Sunday, 23 April 2023 12:39
Rate this item
(0 votes)