Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လက်ရှိဘဏ္ဍာနှစ် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု ဒေါ်လာ ၁၄၀၅ သန်းကျော်ရရှိ

လက်ရှိဘဏ္ဍာနှစ် သြဂုတ် ၁၃ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၈၀၆ သန်းကျော်၊ နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာသန်း ၆၀၀ နီးပါးဖြင့်

စုစုပေါင်း ဒေါ်လာ ၁၄၀၅ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ် ၁၃ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ၁၀၄၃၅ ဒသမ ၀၃၆ တန် တင်ပို့မှုမှဒေါ်လာ ၈၀၆ ဒသမ ၄၆၇ သန်း၊ နယ်စပ်မှ ၇၈၁၃၁၈ ဒသမ ၇၆၉ တန် တင်ပို့မှုမှ ဒေါ်လာ ၅၉၉ ဒသမ ၅၀၉ သန်းဖြင့်စုစုပေါင်း ၁၈၂၄၈၂ ဒသမ ၈၀၅ တန် တင်ပို့မှုမှ ဒေါ်လာ ၁၄၀၅ ဒသမ ၉၇၆ သန်း ရရှိခဲ့သည်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းကို နှစ်စဉ် ပုဂ္ဂလိကကဏ္ဍမှတစ်ဆင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ တင်သွင်းရန် နှစ်နိုင်ငံ MoU ရေးထိုးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား မတ်ပဲနှင့် ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) ကို G to G လက်မှတ်ရေးထိုးနိုင်ရန် ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်ဖက်အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ပဲထုတ်လုပ်မှုပမာဏနှင့် စားသုံးမှုလိုအပ်ချက်များအပေါ် မူတည်၍ နှစ်နိုင်ငံအကြား မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှုကို အားပေးရန် ရည်ရွယ်၍ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်က နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ပြီးကြောင်း သိရသည်။

ယင်းနားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းကို နှစ်စဉ်ပုဂ္ဂလိက ကုန်သွယ်မှုမှတစ်ဆင့်လာမည့်ငါးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီမှ မတ်လ) အတွင်း တင်သွင်းသွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


အဆိုပါ G to G MoU သည် အိန္ဒိယနိုင်ငံ အစိုးရက နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota ကို ထိခိုက်မှုမရှိစေဘဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota ၌လည်း ပါဝင်အကျိုးခံစားခွင့်ရှိမည်ဟု သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန် နှစ်သောင်းသုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာသန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၃ သန်းတင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၂၆ ဘီလျံသာ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ စသည့် ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

 

EMG

Read times
Rate this item
(0 votes)