Myanmar
မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ
မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
2 8 2023
မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက် မတ်ပဲဈေးနှုန်းမှာ လက်ကျန်နည်းခြင်း၊ အဝင်ပုံမှန် ပဲခွဲစက်များ ဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် အရည်အသွေး အကောင်းဆုံး ၂၂၀၀၀၀ ကျပ်မှ ယခုအပတ် ၂၃၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲတီစိမ်းဈေးမှာ မိုးပဲဝင်ချိန်နီးခြင်း၊ ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိခြင်း၊ တရုတ်ဝယ်လက် နည်းခြင်းကြောင့် ပဲအရည်အသွေးပေါ်မူတည်၍ ၃တင်းတစ်အိတ်လျှင် ၁၆၅၀၀၀ ကျပ်မှ ၁၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲစဉ်းငုံ (ဖြူ/နီ)မှာ စိုက်ပျိုးထားဆဲဖြစ်၍ လှောင်သမားထံမှ အမြင့်ဈေးဖြင့်ဝယ်ယူရခြင်း ကြောင့် အရောင်းအဝယ်အေးသော်လည်း ပဲစဉ်းငုံ (ဖြူ) ၃တင်းတစ်အိတ် ၂၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲစဉ်းငုံ (နီ) မှာ လက်ကျန်နည်းခြင်း၊ ပဲခွဲစက်များ အဝယ်ရှိခြင်းကြောင့် ရန်ကုန်ဝယ်လက် နည်းသော်လည်း ယခင် အပတ် ၃တင်းတစ်အိတ် ၂၈၅၀၀၀ ကျပ်မှ ယခုအပတ် ၃၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲပုတ် (မြန်မာ/ရှမ်း) အနေဖြင့် မိုးပဲဝင်ချိန်နီးခြင်း၊ ဆောင်းလက်ကျန်နည်းခြင်းကြောင့် လုပ်ငန်းသမားအဝယ်နည်းသော်လည်း ပဲပုတ်(မြန်မာ) ၃တင်းတစ်အိတ် ၂၁၀၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေပြီး ပဲပုတ်(ရှမ်း)မှာ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်း၊ ပဲအရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ယခင်အပတ် ၁၆၀၀၀၀ ကျပ်မှ ယခုအပတ် ၁၇၀၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။
ကုလားပဲအုပ်စုအနေဖြင့် ကုလားပဲ (ကုဖြူကြီး)မှာ အဝင်နည်းလက်ကျန်နည်း၍ လှောင်သမားထံမှ ဝယ်ရခြင်း၊ လုပ်ငန်းသမားနှင့် ခွဲစက်များ အဝယ်ရှိခြင်းကြောင့် ၃တင်း ၁အိတ် ၂၅၇၀၀၀ ကျပ်မှ ၂၆၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ လုံးဝါကြီးမှာ ပစ္စည်းကောင်းရှားခြင်း ပဲခွဲစက်များ အဝယ်နည်းခြင်းကြောင့် ၂၅၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ လုံးဝါးကြီးဈေးငြိမ်နေသဖြင့်ခွဲခြမ်း မှာလည်း တပိဿာ ၆၃၀၀ ကျပ်မှ ၆၂၅၀ ကျပ်သို့ဈေးနိမ့်သွားသည်။
ပဲယင်းမှာပဲခွဲဝက်များဝယ်ယူမှုရှိခြင်းကြောင့်အရောင်းဝယ်ဖြစ်မှုရှိသဖြင့် ယခင်အပတ် ၁၆၀၀၀၀ ကျပ်မှ ယခုအပတ် ၁၆၅၀၀၀ ကျပ်တိ ဈေးမြင့်လာပြီးလက်လီသမား အဝယ်များပြီး လက်ကျန် နည်းသော စားတော်ပဲ (ကျွန်း) မှာ ၃၈၀၀၀၀ ကျပ်မှ ၄၁၀၀၀၀ ကျပ်ဈေး မြင့်လာသည်။
မြေတောက်ပဲ၊ ပဲကြီး (ကြီး/သေး) ၊ပဲလွန်းပြာတို့မှာအရောင်းအဝယ်အေးခြင်းကြောင့် မြေတောက်ပဲ ၃တင်း တစ်အိတ် ၃၄၀၀၀၀ ကျပ်၊ ပဲကြီး (ကြီး) ၂၉၅၀၀၀၀ ကျပ်၊ ပဲကြီး (သေး) ၂၇၅၀၀၀ ကျပ်၊ ပဲလွန်းပြာ ၁၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲလွန်းဖြူမှာ လက်လီသမားအဝယ်ပုံမှန်ရှိခြင်း၊ မိုးပဲ ဝင်ချိန်နီး၍ ပစ္စည်းနည်းခြင်းကြောင့် ၃တင်း တစ်အိတ် ၁၆၀၀၀၀ ကျပ်မှ ၁၆၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ထောပတ်ပဲ (ကြီး/သေး) မှာ တရုတ်ဝယ်လက်နှင့် ရန်ကုန်ဝယ်လက် ရှိခြင်း၊ ဆောင်းလက်ကျန် နည်းခြင်း၊ မိုးပဲမဝင်သေးခြင်းကြောင့် ထောပတ်ပဲ (ကြီး) ၃တင်း တစ်အိတ် ၃၂၅၀၀၀ ကျပ်မှ ၃၄၀၀၀၀ ကျပ် ထောပတ်ပဲ (သေး) ၂၉၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။
Source MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



