Myanmar



"သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်” အစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုသည့် သိုလှောင်ရုံလုပ်ငန်းရှင်များကို အဆိုပြုလွှာ ဖိတ်ခေါ်

သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်” အစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုသည့် သိုလှောင်ရုံလုပ်ငန်းရှင်များကို အဆိုပြုလွှာ ဖိတ်ခေါ်

https://t.me/Guid4U
JOIN THE CHANNEL 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် 

သတင်းထုတ်ပြန်ကြေညာချက်အမှတ် (၁၂/၂ဝ၂၄)

 ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်

 

“သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်” အစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုသည့် သိုလှောင်ရုံလုပ်ငန်းရှင်များကို အဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

 

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်သည် တောင်သူလယ်သမားများ သီးနှံပေါ်ချိန်တွင် ငွေလိုအပ်ခြင်း၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်း စသည့် လုပ်ငန်းအခက်အခဲများကြောင့် ရသည့်ဈေးနှုန်းဖြင့် သီးနှံများကိုရောင်းချရသည့် အခက်အခဲများအပေါ် အထောက်အကူပြု ဖြေရှင်းနိုင်ရေး အတွက်လည်းကောင်း၊ မျိုးစေ့ထုတ်လုပ်သူများ အနေဖြင့်လည်း အလားတူ အခြေအနေများကြောင့် မျိုးစေ့လိုအပ်သည့် ရာသီချိန်အထိ သိုလှောင်ထားနိုင်မှု မရှိသဖြင့် (Grain) အဖြစ် စားသုံး သီးနှံဈေးဖြင့် ရောင်းချရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် လည်းကောင်း “သိုလှောင်ရုံ  ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်” (Warehouse Receipt Financing System- WRFS) ကို စတင်ဆောင်ရွက်လျက် ရှိပါသည်။

 

၂။ အဆိုပါ အစီအစဉ် ဖြစ်မြောက်ရေးအတွက် “သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေး ထောက်ပံ့မှုစနစ်" အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့(Task Force)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ဖွဲ့စည်းလျက် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ရေးဆိုင်ရာ စည်းမျဉ်းများ (Regulation) နှင့် စံလုပ်ထုံးလုပ်နည်းများ (Standard Operation Procedure - SOP) : (Working Group) မှ စတင် ဆောင်ရွက်လျက် ရှိပါသည်။ 

 

၃။ သို့ပါ၍ အဆိုပါအစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုသည့် သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် စိတ်ပ ဝင်စားမှု အဆိုပြုလွှာများကို ပူးတွဲပါအတိုင်း ပြည့်စုံစွာ ဖြည့်စွက်လျက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ တင်ပြလျှောက်ထားနိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်


သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်တွင် ပါဝင်ဆောင်ရွက်နိုင်သည့် သိုလှောင်ရုံ၏ (အခြေခံ) သတ်မှတ်ချက်များ

 

(၁) သိုလှောင်ရုံသည် ကိုယ်ပိုင် ဖြစ်ရမည်။

 

(၂) သိုလှောင်ရုံသည် မီးအာမခံ ထားရှိရမည်။

 

(၃) သိုလှောင်ရုံသည် ကြက်၊ ငှက် စသည့် တိရိစ္ဆာန်များ ဝင်ရောက်နိုင်မှု မရှိစေရန် ဆောင်ရွက် ထားရမည်။

 

(၄) သိုလှောင်ရုံသည် သို့လှောင်စဉ် ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်။

 

(၅) သိုလှောင်ရုံတွင် သိုလှောင်ထားစဉ် ပျက်ဆီးဆုံးရှုံးမှု မရှိစေရေးအတွက် စနစ်တကျ သိုလှောင် နိုင်ရမည်။

 

(၆) သိုလှောင်ရုံသို့ ဝင်လမ်း/ ထွက်လမ်း ကောင်းမွန်ရမည်။

 

(၇) သိုလှောင်ရုံတွင် လုံလောက်သည့် သီးနှံအခြောက်ခံစက် ရှိရမည်။

 

(၈) Myanmar Rice Online - MyRO တွင် မှတ်ပုံတင်ထားသည့် သိုလှောင်ရုံ ဖြစ်ရမည်

 

(၉) WRFS အစီအစဉ်အတွက် ကိုက်ညီမှုရှိသော သိုလှောင်ရုံဖြစ်ရန် နှင့် ဝန်ကြီးဌာနမှ အခါ အားလျော်စွာ သတ်မှတ်သော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်နိုင်ရမည်။

 

 

420870853_935183111295345_6107059243768803024_n.jpg

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Tuesday, 23 January 2024 17:51
Rate this item
(0 votes)