Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လာမည့် ကြံရာသီကာလတွင် ကြံစျေးကောင်း ရရှိနိုင်ကြောင်း သိရ

မကြာမီ ကျရောက်တော့မည့် ၂၀၂၁- ၂၀၂၂ ကြံရာသီ ကာလတွင် ကြံတစ်တန်လျှင် ငွေကျပ် ကျပ် ၅၀၀၀၀ သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ကြံရာသီတွင် ကြံတစ်တန် ပေါက်စျေးမှာ ငွေကျပ် ၄၀၀၀၀ ဝန်းကျင် ရှိခဲ့ပြီး ယခင်က ကြံတစ်တန် ပေါက်စျေးကို ကြံရာသီ စတင်မှသာ စျေးသတ်မှတ်ကြပြီး ယခုနှစ်တွင် ကြံတစ်တန်လျှင် ငွေကျပ် ၅၀၀၀၀ အထိ စျေးမြင့်၍ ဝယ်ယူမည်ဟု ကုမ္ပဏီများက ကြိုတင်၍ စျေးပြောထား ရှိထားကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

“ရှမ်းမြောက်ပိုင်းက ငွေရည်ပုလဲ ကုမ္ပဏီလီမိတက် က ကြံ တစ်တန်ကို ကျပ်ငါးသောင်း သတ်မှတ်ပြီး တောင်သူတွေ ပေးမယ်လို့သိရ ပါတယ်။ သကြားစျေး က ၁၅ဝဝကျော် စျေး ရှိတော့ သကြားစက်ရုံ က ကြိုတင်ကြေညာတဲ့ သဘောဖြစ်တယ်။ အရင် ကြံစျေးကို ကြံရာသီ စတင်မှ စျေးသတ်မှတ်တယ်။ ကြံရာသီ ဆို တာ ၂၀၂၁ နိုဝင်ဘာလ၊ ဒီဇင်ဘာလကနေ စပြီး ၂၀၂၂ ဧပြီအထိ သတ်မှတ်ထားတော့ ကြံရာသီကို ၂၀၂၁၊ ၂၀၂၂ ဆိုပြီး သတ်မှတ် ထားတယ်။ ကြံရာသီ စတင်မှ စျေးသတ်မှတ် ရတာကို ဘာကြောင့် စောပြီး ကြေညာရသလဲ ဆိုတော့ အခုချိန်မှာ မိုးတွေ ကောင်းနေတယ်။ ကြံစိုက်ပျိုးလို့ကောင်းတယ်ပေါ့။မြေသြဇာ တွင်းစာစု ထည့်လိုက်ရင် ကြံအထွက်နှုန်း တိုးလာမယ်။ တောင်သူတွေကလည်း ကြံစျေး နှုန်းက အရင်ရာသီတွေထက် ကောင်းလာ တော့ ကြံစိုက်ခင်းတွေ ပိုပြီး ဂရုစိုက်ပြီး ကြံအ ထွက်နူန်း ကောင်းလာအောင် အခုလို့ ကြံစျေး သတ်မှတ်ပြီး ကြေညာချက် ထုတ်ပြန်သဘော ဖြစ်ပါတယ် ကြံတစ်တန် အထွက်နူန်းတိုးလာ ရင် တောင်သူအတွက် ကျပ်ငါးသောင်းတိုးပြီး ရမည့်သဘောဖြစ်တယ်။ အရင်က ကြံတစ် ဧက ကြံတန်၂၀ ထွက်ရင် သူတို့ ကြံစိုက်ခင်း တွေ ကို တွင်းအားစုတွေ ထည့်ပြီး ဂရုစိုက်ရင် ကြံတစ်ဧကကို ကြံတန် ၂၅ တန်လောက် ထွက်ရင်သူတို့အတွက် ပိုပြီး စျေးကိုက်တယ် လေ။ ကြံတောင်သူတွေအတွက် အားတက် လာအောင် ကြံစိုက်ခင်းပိုပြီး ဂရုစိုက်လာ အောင်လုပ်တဲ့သဘောပါ။ ကျန်တဲ့သကြား စက်ရုံတွေ ကြံစျေးကိုအခု ငါးသောင်း ပေး သလို့ ပေးမယ်ထင်ပါတယ်။ သကြားစျေးက ၁၅ဝဝကျော်လောက် ဖြစ်နေတော့ ပေးမယ် ထင်ပါတယ်။ အခုက ငွေရည်ပုလဲသကြား စက်ရုံ ကြံစျေးသတ်မှတ်ပြီးထုတ် ပြန်ခဲ့တာပါ။ ဒီရာသီမှာ ြ ကံစိုက်ဧကတိုးလာမည့်သဘော ဖြစ်တယ်။ ဘာလို့ဆိုတော့ တခြားသီးနှံတွေ က စျေးကွက်အနေအထား တစ်မျိုးဖြစ်နေ ချိန်ဆိုတော့ ကြံကိုပြောင်းစိုက်မယ်လို့ထင် တယ်။ ကြံစျေးက သတ်မှတ်ထားတာဆိုတော့ တောင်သူအတွက်က ကြံအထွက်နှုန်း သေချာ တော့ တခြားသီးနှံလို့ အထွက်နှုန်းအတွက် စိတ်ပူစရာမလိုပါဘူး။ ဒါကြောင့် ဒီနှစ် ကြံရာ သီမှာ ကြံစိုက်ဧက တိုးလာမည့်လို့ ပြောလို့ရပါ တယ်။ အရင်ရာသီတုန်းက ကြံစျေးနဲ့ဆိုရင် တော့ တောင်သူတွေ ကြံတိုးချဲ့စိုက်မလဲ တွင်း အားစု ဓာတ်မြေ သြဇာစျေးက အခုချိန်စျေးက နှစ်ဆတက် သွားတော့ သကြားစက်ရုံက အ ထောက်အပံ့ မရှိရင်မလွယ်ဘူး။ အခု ကြံစျေး ကောင်းတော့ သူတို့တိုးချဲ့စိုက်ကြမယ် ”ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ် ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

၂၀၂၀-၂၀၂၁နှစ်ကြံရာသီတွင် မြန်မာ တစ်နိုင်ငံလုံးဒေသအလိုက် ကြံစိုက်ပျိုးမှု လျော့ခြင်း၊ သကြားထုတ်လုပ်မှု လျော့ကျ ခြင်း၊ ပြည်ပနိုင်ငံမှသကြားတင်သွင်းမှုကန့် သတ်များရှိနေတာကြောင့် ပြည်တွင်းသ ကြား စျေးဆက်လက်မြင့်တက်ခဲ့ပြီး ယခုနှစ်တွင် ကြံတစ်တန် စျေးနှုန်း မြင့်တက်လာသဖြင့် ကြံစိုက်ပျိုးမှုဧက တိုးလာမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉-၂ဝဘဏ္ဍာနှစ်တွင် ပြည်တွင်းသို့ သကြားတင်သွင်းမှုအား လုပ် ငန်း အမျိုးအစား ၁၁မျိုးကိုခွင့်ပြုခဲ့ပြီး Refinr Sugar တန်ချိန် ၅၇၆၆၅ တန်အား တင်သွင်း ခဲ့ကာ ပြည်ပသို့ တင်ပို့ခဲ့သည့် သကြားတန် ချိန်မှာ ၁၇၇၀၄၂တန်ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနစာရင်းများအရသိရသည်။

ယခုနှစ်ကြံစိုက်ရာသီတွင် တစ်နိုင်ငံ လုံး၌စိုက်ဧကစုစုပေါင်း ၄၃၈၄၂၀ ဧကစိုက် ပျိုးပြီးဖြစ်ကာ သကြားစက်ရုံများအနေဖြင့် ၂၀၂၀-၂၁ခုနှစ် ကြံကြိတ်ဝါးရန် လျာထား ချက်မှာ ၄၂၁၃၃၀၀ တန်ခန့်မှန်း ထားကြောင်း စိုက်ပျိုးရေး ဦးစီးဌာန သကြားထွက်သီးနှံ ဌာနခွဲထံမှ သိရသည်။

 

news-eleven.com

 

Read times
Rate this item
(0 votes)