Myanmar
ထီးလင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်
ထီးလင်းမြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများသို့ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ထောက်ပံ့ငွေပေးအပ်ပွဲကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၇ရက်နေ့ မွန်းလွဲပိုင်းတွင် ထီးလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထူးက တောင်သူများသို့ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ထောက်ပံ့ငွေပေးအပ်သည့် ရည်ရွယ်ချက်၊ (CERP)အစီအစဉ်မှ စာချုပ်ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးပြီး မျိုးစေ့ထုတ်စပါး(၁)ဧကလျှင် မျိုးစေ့ဖိုး ၈၅၀၀/-ကျပ်၊ စိုက်ပျိုးစရိတ် ၇၅၀၀၀/- ကျပ် စုစုပေါင်း ၈၃၅၀၀/ကျပ်နှုန်းဖြင့် သရခါကျေးရွာနှင့် ပုဏ္ဏားကျေးရွာရှိ မိုးစပါးမျိုးစေ့ထုတ်(၁၀)ဧကစိုက်ပျိုးသည့် တောင်သူ(၉)ဦးအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရ သည်။
By Myanmar Food Guide



