Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲမျိုးစုံ ဆီထွက်သီးနှံ ဟင်းသီးဟင်းရွက် မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

ပဲမျိုးစုံ   ဆီထွက်သီးနှံ  ဟင်းသီးဟင်းရွက် မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်ကားမှုအခြေအနေကို တင်ပြထားပါသည်။


ပဲမျိုးစုံ ဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် မတ်ပဲဈေးနှုန်းမှာ မန္တလေးမြို့တွင်း ပဲခွဲစက်များ ဝယ်ယူမှုရှိခြင်း ၊ ရန်ကုန်ဝယ်လက်ရှိခြင်း ၊ စတင်စိုက်ပျိုးရန် ပြင်ဆင်ချိန်ဖြစ်၍ လက်ကျန်နည်း၊ ပစ္စည်းရှားခြင်းတို့ကြောင့် ယခင်အပတ် ၆၀ ပိဿာလျှင်၁၃၂,၃၀၀ကျပ် မှ ယခုအပတ် ၁၄၇,၅၀၀ ကျပ်ထိ ဈေးမြင့်လာပါသည်။ပဲတီစိမ်း(အညာ)မှာ မြို့တွင်းသုံး ဝယ်ယူမှုရှိခြင်း ၊ ရန်ကုန်ဝယ်လက်ရှိခြင်း ၊ ပဲတီစိမ်း(ထိပ်စ) အား မျိုးသမား ဝယ်ယူမှုရှိခြင်းကြောင့် ယခင်အပတ် ၉၀,၀၀၀ ကျပ် မှ ၁၀၉,၀၀၀ကျပ်ထိ ဈေးမြင့်လာသည်။
ပဲပုတ်(မြန်မာ/ရှမ်း)တို့မှာလည်း အဝင်နည်းခဲ့သဖြင့် မိုးလက်ကျန် နည်းခြင်း ၊ဆောင်းစိုက်အတွက်ပြင်ဆင်မှုရှိခြင်း၊ မြို့တွင်းသုံးလုပ်ငန်းရှင်များဝယ်ယူမှုများခြင်းကြောင့် ပဲပုတ် (ရှမ်း) ယခင်အပတ် ၅၃.၂၅ ပိဿာ ၁၀၃,၇၅၀ ကျပ် မှ ၁၀၄,၀၀၀ ကျပ် ထိလည်းကောင်း ၊ ပဲပုတ် (မြန်မာ) ယခင်အပတ် ၁၄၂,၅၀၀ ကျပ် မှ ၁၄၅,၀၀၀ ကျပ် သို့ ဈေးမြင့်လာသည်။ပဲစဉ်းငုံ(နီ)မှာ ရန်ကုန် ဝယ်လက်ရှိခြင်း ၊ ပစ္စည်းနည်းခြင်းကြောင့် ယခင်အပတ် ၆၀ ပိဿာ ၁၂၃,၀၀၀ ကျပ် မှ ယခုအပတ် ၁၃၀,၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။
ကုလားပဲ(ထိုင်ဝမ်/ကုဖြူကြီး) ၊ မြေတောက်ပဲ ၊ ပဲလွန်းပြာ ၊ စားတော်ပဲတို့မှာ မြို့တွင်း သုံးဝယ်ယူမှုမျှသာရှိခြင်းကြောင့် ယခင်အပတ်အတိုင်း ဈေးတည်ငြိမ်နေပါသည်။
ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ (ကြီး/သေး) ၊ ပဲယင်းတို့မှာ မြို့တွင်း လုပ်ငန်းရှင်များ ဝယ်ယူမှုသာရှိခြင်း ၊အရောင်းအဝယ်အေးခြင်း ၊ယခင်နှစ်များကဲ့သို့ တရုတ်သို့တင်ပို့မှုနည်းခြင်းကြောင့် ဆောင်းလက်ကျန်များပြီး မိုးစိုက်ပေါ်ချိန်နီးခြင်းတို့ကြောင့် ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာ ယခင်အပတ် ၁၈၅,၀၀၀ ကျပ် မှ ယခုအပတ် ၁၈၂,၅၀၀ ကျပ် သို့လည်းကောင်း ၊ ထောပတ်ပဲ (သေး) ၅၆.၂၅ ပိဿာ ယခင်အပတ် ၉၁၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်သို့ လည်းကောင်း ဈေးနိမ့်သွားပါသည်။ ပဲယင်းမှာလည်း ယခုအပတ် မြို့တွင်းပဲခွဲစက်များ ဝယ်ယူမှုသာရှိ၍ ၆၀ ပိဿာ ၉၄,၅၀၀ ကျပ် မှ ၉၃,၅၀၀ ကျပ်သို့ ဈေးနိမ့်သွားပါသည်။

 

ဆီထွက်သီးနှံ ဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနေဖြင့် မြေပဲ (လုံးဆန်) မှာ မိုးမြေပဲ ဝင်ရောက်မှုရှိပြီး အရည်အသွေးကောင်းခြင်း ၊ ဆောင်းစိုက် အထွက်မျိူးသမားအဝယ်ရှိခြင်း ၊ မြို့တွင်းလုပ်ငန်းသမားအဝယ်ရှိခြင်းကြောင့် ၁၀၀ ပိဿာလျှင် ယခင်အပတ် ၂၆၅,၀၀၀ ကျပ် မှ ယခုအပတ် ၂၉၅,၀၀၀ ကျပ်သို့လည်းကောင်း ၊ မြေပဲ(ဆီဆန်) မှာလည်း ၁၀၀ ပိဿာ ၂၇၀,၀၀၀ ကျပ် သို့ ဈေးမြင့်လာသည်။

နှမ်းဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ မိုးနှမ်းများ အရည်အသွေးကောင်းလာခြင်း ၊ တရုတ်ဝယ်လက်နည်းသော်လည်း ရန်ကုန်ဝယ်လက်ရှိခြင်း တို့ကြောင့် ၄၅ ပိဿာ ၁၂၁,၀၀၀ ကျပ် မှ ၁၃၁,၀၀၀ ကျပ်သို့လည်းကောင်း ၊ နှမ်းညို ၄၅ ပိဿာလျှင် ၉၂,၈၃၀ ကျပ်မှ ၁၀၅,၀၀၀ ကျပ်သို့ လည်းကောင်း ဈေးမြင့်သွားပြီး ယခုအပတ် နှမ်းဝါပါ ဝင်ရောက်မှုရှိပြီး ၄၅ ပိဿာ လျှင် ၁၀၅,၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။
ပန်းနှမ်းမှာ ယခုအပတ် အရောင်းအဝယ်ဖြစ်မှု နည်းခြင်းကြောင့် ၄၅ ပိဿာလျှင် ယခင်အပတ် ၉၀,၀၀၀ ကျပ်မှ ယခုအပတ် ၈၈,၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပါသည်။ နေကြာမှာ နေကြာဆီသမား အဝယ်များခြင်း ၊ မိုးနေကြာ အဝင်နည်းခြင်း ၊ ဆောင်းနေကြာအတွက် မျိူးဝယ်ယူမှုရှိခြင်းကြောင့် ၂၇ ပိဿာလျှင် ယခင်အပတ် ၅၂,၀၀၀ ကျပ် မှ ၅၄,၀၀၀ ကျပ် သို့ ဈေးမြင့်လာသည်။

 

စားဖိုဆောင်သီးနှံဈေးကွက်အခြေအနေ

မန္တလေးကိုင်းတန်းဈေးတွင် စားဖိုဆောင်သီးနှံများအနေဖြင့် ငရုတ်ခြောက် (ရှည်)မှာ သာစည် ၊ ပျော်ဘွယ်မှ ဝင်ရောက်ပြီး အရည်အသွေး ၊ အရောင်လှပမှု ပေါ်မူတည်၍ တစ်ပိဿာလျှင် ၄၂၀၀ ကျပ် မှ ၄၅၀၀ ကျပ် အထိ လည်းကောင်း ၊ ငရုတ်ခြောက် (လတ်) မှာ ပခုက္ကူ ၊ စစ်ကိုင်းမှ ဝင်ရောက်ပြီး တစ်ပိဿာ ၄၃,၀၀ ကျပ် ဖြင့်လည်းကောင်း ၊ ငရုတ်ခြောက်(ပွ) မှာ ဧရာဝတီတိုင်း (ပွ)များဖြစ်၍ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၇,၀၀၀ ကျပ် မှ ၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းဝယ်နေကြပါသည်။

ကြက်သွန်နီဈေးနှုန်းအနေဖြင့် မန္တလေးတိုင်းနယ်စုံနှင့်စစ်ကိုင်းတိုင်း ၊မုံရွာ ၊ မြင်းမူ စသော နယ်စုံမှ ဝင်ရောက်မှုရှိပြီး တစ်ပိဿာလျှင် (ကြီး) ၄၅၀ ကျပ် ၊ (လတ်) တစ်ပိဿာလျှင် ၄၀၀ ကျပ် ၊ (သေး) တစ်ပိဿာ ၃၀၀ ကျပ် ဖြင့် ရောင်းဝယ်နေပါသည်။
မြို့တွင်းသုံး ဝယ်ယူမှု ပုံမှန်ရှိပြီး လာရှိုး ၊ တန့်ယန်း စသော အဝေးတင်ပို့မှုမရှိသေးကြောင်း သိရပါသည်။

ကြက်သွန်ဖြူ(တရုတ်) အဝင်နည်း သော်လည်း လက်ကျန်များ အရည်အသွေးညံ့သွားသောကြောင့် ယခင်အပတ် တစ်ပိဿာ ၅၀၀၀ ကျပ် မှ ယခုအပတ် တစ်ပိဿာ၄၅၀၀ကျပ်သို့ ဈေးနိမ့်သွားပါသည်။
ကြက်သွန်ဖြူ(မြေပြန့်)မှာ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၂,၀၀၀ ကျပ် မှ ၃,၀၀၀ ကျပ် ထိ ရှိပြီး ကြက်သွန်ဖြူ(ရှမ်း) မှာ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ,၁၅၀၀ ကျပ် မှ ၂,၅၀၀ ကျပ်ထိ ဈေးအသီးသီးဖြင့် ရောင်းဝယ်နေပါသည်။

အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်း အာလူးတစ်မျိုးသာ ရှိခြင်းကြောင့် အိုကေ တစ်ပိဿာ ၉၀၀ ကျပ် မှ ၁,၀၀၀ ကျပ် သို့ ဈေးမြင့်သွားပြီး အေဝမ်း တစ်ပိဿာ ၇၀၀ ကျပ် ၊ ဆွဲ တစ်ပိဿာ ၅၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပါသည်။


ဟင်းသီးဟင်းရွက် ဈေးကွက်အခြေအနေ

မန္တလေး သီရိမာလာဈေးကွက်တွင် ဟင်းသီး /ရွက်များမှာ ပြင်ဦးလွင် နှင့် နောင်ချိုတို့မှ အဝင်များပြီး ပန်းမုံလာ တစ်ပွင့် ၄၀၀ ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုပ် ၂၀၀ ကျပ် ၊ ဂေါ်ရခါးသီး၁၀ လုံး ၅၀၀ ကျပ် ၊ ခရမ်းသီး တစ်ပိဿာ ၅၀၀ ကျပ် ၊ ဘိုစားပဲ တစ်ပိဿာ ၁,၀၀၀ ကျပ် ၊ခါကျက်ဥ တစ်ပိဿာ ၆၀၀ ကျပ် မှ ၇၀၀ ကျပ် ဈေးဖြင့် အသီးသီး ရောင်းဝယ်မှုရှိပါသည်။

ပြင်ဦးလွင် ၊နောင်ချိုမှ စားပြောင်းများလည်း ဝင်ရောက်ပြီး ၁၀၀ဖူးလျှင် ၁၂၀၀၀ ကျပ် မှ ၁၃,၀၀၀ ကျပ် ထိ ရှိပါသည်။ ပြင်ဦးလွင်မှ ခရမ်းချဉ်များ ဝင်ရောက်ပြီး ၁၂ ပိဿာ တစ်သေတ္တာလျှင် ၅,၀၀၀ ကျပ် ရှိပါသည်။

ငရုတ်စို (ရှည်) မှာ မိတ္ထီလာ ၊ ရမည်းသင်း ၊ မုံရွာ တို့မှ ဝင်ရောက်ပြီး တစ်ပိဿာ ၁,၀၀၀ ကျပ်ဖြင့်လည်းကောင်း ၊ ငရုတ်စို(လတ်) မှာ မုံရွာ ၊ ချောင်းဦး မှ ဝင်ရောက်ပြီး တစ်ပိဿာ ၂၅၀၀ ကျပ်ဖြင့်လည်းကောင်း ၊ ငရုတ်စို (ပွ) မှာ အောင်ပန်း ၊ ပုလိပ် ၊ မုံရွာ မှ ဝင်ရောက်ပြီး တစ်ပိဿာ ၁,၅၀၀ ကျပ် ဖြင့် ရောင်းဝယ်နေပါသည်။
ငရုတ်စို (လတ်) မှာ ဗန်းမော် ၊ မူဆယ်ဘက်သို့ ရက်ခြား တင်ပို့မှုရှိပြီး ၁၀ ပိဿာ ဝင် အိတ်များဖြင့် မူဆယ်သို့လည်းကောင်း ၊ ၁၇ပိဿာဝင် ခြင်းများဖြင့် ရံဖန်ရံခါ ဗန်းမော် သို့ တင်ပို့မှုရှိပါသည်။ မြို့တွင်းသုံးအနေဖြင့် စားသောက်ဆိုင်များ ၊ လက်ဖက်လုပ်ငန်းသမား ၊ ငပိထောင်းလုပ်ငန်းရှင်များ ပုံမှန်ဝယ်ယူမှုရှိကြောင်း သိရသည်။

ခင်မေကြည်
လ/ထညွှန်ကြားရေးမှူး

 

Market Information Service- DOP- MOALI

Read times Last modified on Wednesday, 15 September 2021 11:33
Rate this item
(0 votes)