Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ဩဂုတ်လပိုင်းအထိ ရေထွက်ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၀၆ သန်း ကျော် ရရှိ

အခု ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ဩဂုတ်လပိုင်းအထိ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ရေထွက်ကုန်တင်ပို့မှုကနေ

ရရှိတဲ့ပို့ကုန်ဝင်ငွေ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၀၆ သန်း ကျော် ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ကာလတူမှာရရှိခဲ့တဲ့ ဝင်ငွေနဲ့နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာသန်း ၈၀ ဝန်းကျင် လျော့ကျနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်းမှာ ရေထွက်ကုန် ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇၈၅ သန်းကျော် ရှိခဲ့ပေမဲ့ အခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကာလတူမှာ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၀၆ သန်း ကျော်သာရရှိထားတာ ဖြစ်ပါတယ်။

မြန်မာ့ရေထွက်ကုန်တွေကို ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကို အများဆုံးတင်ပို့နေပြီး၊ ဥရောပနိုင်ငံတွေအပြင် နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် လတ်တလောမှာ ပြည်ပနိုင်ငံတွေရဲ့ မြန်မာရေထွက်ကုန် တင်ပို့မှု လျော့ကျနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကိုဗစ်ကြောင့် ကုန်သွယ်ရေးနှောင့်နှေးတာတွေ ရှိခဲ့ပေမဲ့လည်း ဥရောပနိုင်ငံတွေကို မွေးမြူရေးငါးတွေ တိုးချဲ့တင်ပို့နိုင်ခဲ့တာကြောင့် မြန်မာ့ရေထွက်ကုန်တင်ပို့မှု စံချိန်သစ်တင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၆၀ နီးပါးထိ ရရှိခဲ့ပါတယ်။

 

DVB

Read times Last modified on Wednesday, 15 September 2021 11:47
Rate this item
(0 votes)