Myanmar



မန္တလေး ပဲမျိုးစုံ ဈေးနှုန်း အတက်အကျများ

မန္တလေး ပဲမျိုးစုံ ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၂၃ ၃ ၂၀၂၃

 

မန္တလေးပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းများအနက်
.
မတ်ပဲမှာ အဝင်နည်းသွားခြင်း ၊ ရေသွင်းပဲများ လည်း အဝင်နည်းခြင်း ၊ ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် ၆၀ ပိဿာ ယခင်အပတ် ၁၉၁၀၀၀ ကျပ် မှ ယခုအပတ် ၂၀၃၀၀၀ ကျပ် ထိ ဈေးမြင့်နေသည်။
.
ပဲတီစိမ်းဈေးနှုန်းများအနေဖြင့် ပဲတီစိမ်း(အညာ)မှာ အရောင်းအဝယ်ဖြစ်မှုနည်းခြင်း ၊ ပစ္စည်းရှားခြင်းကြောင့် ဈေးကွက်အတွင်း ယခင်အပတ် ဈေးနှုန်းအတိုင်း အရည်အသွေးအကောင်းဆုံး ၁၆၅၀၀၀ကျပ် မှ အညံ့ဆုံး ၁၄၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ပဲတီစိမ်း(ခရမ်း)နှင့် ပဲတီစိမ်း(လမ်း)မှာ
အရောင်းအဝယ်အေးသော်လည်း အဝင်နည်းသွားခြင်းကြောင့် ပဲတီစိမ်း(ခရမ်း) ၅၆.၂၅ ပိဿာ ၂၁၅၀၀၀ ကျပ် မှ ၂၂၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ပဲတီစိမ်း(လမ်း)မှာ ၂၁၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
.
ပဲပုတ်(မြန်မာ/ရှမ်း)တို့မှာ ပဲပုတ်(မြန်မာ)မှာ အသစ်အဝင်နည်းသေးခြင်း ၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၅၃.၂၅ ပိဿာ ၁၈၂၀၀၀ ကျပ် မှ ၁၈၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်နေပြီး ပဲပုတ်(ရှမ်း)မှာ အဝင်ပုံမှန် ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၅၃.၂၅ ပိဿာ ၁၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
.
ပဲစဉ်းငုံ (ဖြူ/နီ) ဈေးနှုန်းများမှာ အဝင်နည်းခြင်း ၊ ပစ္စည်းရှားခြင်း ၊ အရောင်းအဝယ်အေးခြင်းတို့ကြောင့် ပဲစဉ်းငုံ(နီ) ၆၀ ပိဿာ ၂၂၅၀၀၀ ကျပ် ၊ ပဲစဉ်းငုံ(ဖြူ) ၆၀ ပိဿာ ၂၁၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
.
ကုလားပဲ (ကုဖြူကြီး) ဈေးနှုန်းအနေဖြင့် လုပ်ငန်းသမား ရန်ကုန်ဝယ်လက် နည်းခြင်းကြောင့် ယခင်အပတ် ၅၇.၂၅ ပိဿာ ၂၁၀၀၀၀ ကျပ် မှ ယခုအပတ် ၂၀၇၀၀၀ ကျပ်သို့ မသိမသာဈေးနိမ့်သွားပြီး ကုလားပဲ(လုံးဝါကြီး)မှာ အဝင်နည်း ၊ ပစ္စည်းနည်းခြင်း ၊ ခွဲစက်သမားအဝယ်များခြင်းကြောင့် ယခင်အပတ် ၁၉၈၀၀၀ ကျပ် မှ ယခုအပတ်၂၀၂၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်နေသည်။လုံးဝါကြီး ဈေးမြင့်သဖြင့် အမြင့်ဈေးဖြင့် ကြိတ်ခွဲရသော ခွဲခြမ်းဈေးများလည်း တစ်ပိဿာ ၄၇၇၀ ကျပ် မှ ၄၈၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
.
ပဲယင်းဈေးနှုန်းမှာ အဝင်နည်း ၊ ပစ္စည်းကောင်းရှားခြင်း ၊ ခွဲစက်များ ပုံမှန်ဝယ်ယူခြင်းကြောင့် ယခင်အပတ် အကောင်းဆုံး ၆၀ ပိဿာ ၁၅၀၀၀၀ ကျပ်မှ ၁၅၃၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
.
စားတော်ပဲ(ကျွန်း)မှာလည်း အဝင်ပုံမှန် ၊ လက်လီသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၅၉.၂၅ ပိဿာ ၃၂၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
.
အဝင်ပုံမှန်ရှိခြင်း ၊ အရောင်းအဝယ်အေးခြင်းကြောင့် ပဲလွန်းဖြူ ၆၀ ပိဿာ ၁၄၅၀၀၀ ကျပ် ၊ ပဲလွန်းပြာ ၅၄.၂၅ပိဿာ ၁၂၅၀၀၀ ကျပ် ၊ ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာ ၂၄၅၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၂၃၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။
.
မြေတောက်ပဲမှာ ရန်ကုန်ဝယ်လက် ၊ တရုတ်ဝယ်လက် ၊ လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ အရည်အသွေးအကောင်းဆုံး ၅၄ ပိဿာ ယခင်အပတ် ၂၈၅၀၀၀ ကျပ် မှ ၂၉၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
.
ထောပတ်ပဲ(ကြီး)မှာ လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ၅၆.၂၅ ပိဿာ ၂၄၆၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး ထောပတ်ပဲ(သေး)မှာ အဝင်များခြင်း ၊ လက်လီသမား အဝယ်သာရှိခြင်းကြောင့် ၅၆.၂၅ ပိဿာ ၂၄၀၀၀၀ ကျပ် မှ ၂၃၅၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။

.

Source:Market Information Service- DOP- MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Thursday, 23 March 2023 15:21
Rate this item
(0 votes)