Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးမည်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးမည် Google

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စားသုံးသူပြည်သူတွေကို ဈေးနှုန်းသက်သာစွာဖြင့် ဆန်တွေကိုရောင်းချပေးမည့် အစီအစဉ်ကို အသိပေးကြေညာခဲ့ပါတယ်။

၎င်းကြေညာချက်ကို သြဂုတ်လ(၁၈)ရက် နေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများအား လက်လီ ဆိုင်များမှ တဆင့်ဖြစ်စေ၊ စက်ရုံ၊ အလုပ်ရုံများနှင့် အသင်းအဖွဲ့များ၊ အဖွဲ့ အစည်းများ၏ ညှိနှိုင်းစီစဉ်ပေးမှုဖြင့် ဖြစ်စေ ဧည့်မထ/လုံးရှည် ၂၅မှတ် (Well Milled Polished) ဆန်ကို ၁၀၈ပေါင်အိတ် တစ်အိတ်လျင် ၂၂၈၀၀ ကျပ် နှုန်းဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွင် ပစ္စည်းထုတ်ယူနိုင်ရေးအတွက်ပါ စီစဉ်ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဒေသကို လိုက်၍ ဆန်တစ်ပြည်လျင် (၁၀၀၀)ကျပ်၊ (၁၀၅၀)ကျပ်၊ (၁၁၀၀)ကျပ်တို့ထက် မပိုစေဘဲ စားသုံးသူ ပြည်သူလူထု ထံသို့ ပြန်လည်ရောင်းချပေးရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် ဇူလိုင်လဆန်း ကတည်းက စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။

ထို့ကြောင့် ဆန်ဝယ်ယူလိုသော လက်လီအရောင်းဆိုင်များနှင့် အလုပ်သမားများအတွက် ဝယ်ယူလိုသော စက်ရုံများ၊ ကုမ္ပဏီများ၊ အဖွဲ့ အစည်း အသင်းအဖွဲ့များ အနေဖြင့် အောက်ဖော်ပြပါ ဖုန်းများသို့ ဆက်သွယ် ဝယ်ယူ နိုင်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

ဖုန်းနံပါတ် : ၀၉-၆၉၄၃၈၆၉၉၄၊ ၀၉-၆၉၄၃၈၆၉၉၅

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း

ဖုန်းနံပါတ် : ၀၉-၆၉၄၃၈၆၉၉၆

(မှတ်ချက်။ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၇)ရက်နေ့တွင် ပထမအကြိမ် ဆန်ရောင်းချမည့် လုပ်ငန်းဆိုင်ရာ ကြေညာချက်အား ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။)

 

By Myanmar Food Industry Guide

MRF

 

SWY_Group.png

Read times Last modified on Thursday, 20 August 2020 17:12
Rate this item
(0 votes)