Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်မည့်အစီအစဉ်ထုတ်ပြန်ခြင်း

စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်မည့်အစီအစဉ်ကို မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားပါသည်။ 

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စားအုန်းဆီ တင်သွင်းတဲ့ကုမ္ပဏီများကို နိုင်ငံခြားငွေတွေ တိုက်ရိုက်ရောင်းချပေးခဲ့ပြီး ယင်းနိုင်ငံခြားငွေများဖြင့် ဝယ်ယူသည့်စာအုန်းဆီများအား လက်ကားဈေး တစ်ပိဿာလျှင် (၃,၇၀၀)ကျပ်နှုန်းဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တစ်ဆင့်ရောင်းချပေးသွားမည့် အစီအစဉ် ဖြစ်ပါသည်။ ရောင်းချပေးမည့် ပမာဏမှာ သင်္ဘောတစ်စီးစာ တန်ချိန် ထောင်ဂဏန်း ပမာဏ ဖြစ်ပါသည်။ 


စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်မည့်အစီအစဉ်ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ဈေးကွက် အတွင်း စားသုံးဆီများ ပြတ်လတ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် စားသုံးသူများ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိစေရေးတို့အတွက် စီမံဆောင်ရွက်လျက် ရှိရာ လက်ရှိကာလအတွင်း နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှုအပေါ် စားသုံးဆီဈေးနှုန်းများ အဆ မတန်မြင့်တက်မှု မရှိစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စားသုံးဆီတင်သွင်း သည့် ကုမ္ပဏီများသို့ တိုက်ရိုက်ရောင်းချပေးခဲ့သည့် နိုင်ငံခြားငွေနှင့် ညီမျှသည့် စားအုန်းဆီ များကို လက်ကားဈေး တစ်ပိဿာလျှင် (၃,၇၀၀)ကျပ်နှုန်းဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တစ်ဆင့်ရောင်းချပေးသွားမည်ဖြစ်ပါသည်။

သို့ပါ၍ အကျိုးအမြတ် ၂ရာခိုင်နှုန်းထက်မပိုပဲ စားသုံးသူပြည်သူများသို့ ပြန်လည် ရောင်းချပေးနိုင်မည့် လက်လီ/လက်ကား ရောင်းချသူများအနေဖြင့် မြန်မာနိုင်ငံဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းထံသို့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၂၀ရက်တနင်္လာနေ့ (၂၀.၉.၂၀၂၁)မှ စတင်၍ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

 

 ဆက်သွယ်ရန်လိပ်စာ

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း

အမှတ်(ခ/၈၁-၈၂)၊ ကံ့ကော်လမ်းမကြီး၊ဘုရင့်နောင်ကုန်စည်ဒိုင်

မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

ဖုန်းနံပါတ်၊ ၀၉၄၄၄၄၃၇၂၉၅  ၀၉၄၀၁၅၂၇၀၄၉။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း

Read times Last modified on Tuesday, 21 September 2021 15:09
Rate this item
(0 votes)