Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရခိုင်ပင်လယ်ပြင်တွင် လိုင်စင်ရှိငါးဖမ်းလှေနှင့် သင်္ဘောများ ယခင်ထက် ၂၀၀၀ ခန့်လျော့နည်း

ရခိုင်ပြည်နယ် ပင်လယ်နယ်နိမိတ်တွင် လိုင်စင်ရှိငါးဖမ်းလှေနှင့် သင်္ဘောအရေအတွက်မှာ ယခင်ထက် အစီးရေ ၂၀၀၀ ဝန်းကျင်ခန့်လျော့နည်းသွားကြောင်း ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြောသည်။


ယခုနှစ်တွင် ကမ်းနီးငါးဖမ်းလှေ ၅၅၀၀ ကျော်၊ ကမ်းဝေးသ‌င်္ဘော အစီး ၃၀၀ ကျော်ရှိပြီး လိုင်စင်အရ ငါးဖမ်းလှေများ ယခင်ထက် ၂၀၀၀ ကျော်ခန့်လျော့နည်းသွားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးသက်ဦး ကပြောသည်။
“အခုလက်ရှိခွင့်ပြုထားတာကတော့ ကမ်းနီး စက်တပ်လှေက ၃၃၃၂ စီး၊ စက်မဲ့လှေက ၂၂၁၃ စီး၊ ဒေသခံ ကမ်းဝေးသင်္ဘောက ၆ စီးရှိတယ် ကျောက်ဖြူ၊ သံတွဲပေါ့ ခုလက်ရှိကတော့ သံတွဲက ၂ စီးပဲထွက်နေတယ်။ ‌ဒေသခံမဟုတ်တဲ့ ကမ်းဝေးငါးဖမ်းသင်္ဘောကတော့ အစီး ၃၀၀ ရှိတယ်။ ဒေသခံမဟုတ်ဘူးဆိုတာက ရခိုင် ပြည်နယ်ကမဟုတ်ဘဲ တစ်ခြားတိုင်းနဲ့ပြည်နယ်တွေကကလာပြီး ဖမ်းတာမျိုးပေါ့။ မွန်ပြည်နယ်က ဖြစ်ချင်ဖြစ် မယ် တနင်္သာရီတိုင်းဘက်ကဖြစ်ချင်ဖြစ်မယ်။ အရင်က အဲ့ဒီဖက်တွေက အစီးရေအားဖြင့် ၃၅၀ ကျော်လောက်ရှိတယ်။ စုစုပေါင်း ရခိုင်ပင်လယ်ပြင်မှာ အရင်တုန်းက ၇၀၀၀ ကျော်အထိရှိခဲ့တာဆိုတော့ အခုအခြေနေအရ ၂၀၀၀ ဝန်းကျင်လောက်တော့ လျော့နည်းသွားတယ်”ဟုပြောသည်။
ငါးဖမ်းလှေနှင့်သင်္ဘောများမှာ လိုင်စင်ဆောင်သည့်အရေအတွက်အရလျော့နည်းလာသည်ဟုဆိုသော်လည်း လက်တွေ့ပင်လယ်ပြင်တွင် ငါးဖမ်းလှေအရေအတွက်မည်မျှရှိသည်ကို ဌာနအခြေနေနှင့် ဝန်ထမ်းအင်အားအရ ပင်လယ်ပြင်ထိ ဆင်းစစ်ဆေးရန်မဖြစ်နိုင်ကြောင်းသူကဆက်ပြောသည်။
“လိုင်စင်ဆောင်တဲ့အရေအတွက်ကလျော့နည်းလာတယ်။ ဒါပေမယ့် ပင်လယ်ပြင်ထဲမှာလျော့နည်းလာမနည်း လားဆိုတာ ကျနော်တို့မပြောနိုင်ဘူး။ ကျနော်တို့ဌာနအနေနဲ့ အဲလိုစစ်ဆေးတာမျိုးတွေမရှိဘူး။ ဒါကစာရင်း ဇယားအရလျော့နည်းသွားတာပေါ့။ ကျနော်တို့ ဌာနဘက်ကလည်း ပင်လယ်ပြင်ထိဆင်းစစ်ဖို့ ဝန်ထမ်းအင်အား၊ ပစ္စည်းအင်အား မလုံလောက်ဘူးလေ။ ပင်လယ်ပြင်မှာ လိုင်စင်မဲ့ ငါးခိုးဖမ်းတဲ့သင်္ဘောတွေတွေ့ရင်တော့ နေဗီ(စစ်ရေယာဉ်)ကဖမ်းပြီး လူကို ထောင်ချတယ်၊ ပစ္စည်းကိုသိမ်းတယ်။ အဲလိုမျိုးတွေတော့ အရေယူတာ ရှိတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် တားမြစ်နေရာများကို ဝင်ရောက်ငါးဖမ်းမှုများကြောင့် ဖမ်းဆီးခံရသည့် ငါးဖမ်းလှေအစီးရေ ၉ စီးနှင့် ၂၀၁၈ ခုနှစ်၌ တရားမဝင်ကမ်းဝေးငါးခိုးဖမ်းသည့်စက်လှေ သံတွဲခရိုင်မှ ၆ စီးဖမ်းဆီး ရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ အချက်လက်များအရသိရသည်။
ရခိုင်ပြည်နယ်သည် ငါးသယံဇာတပေါများသည့် ပြည်နယ်တစ်ခုဖြစ်ပြီး သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွ စသည့်ဒေသတို့ရှိ ပင်လယ်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ငါးဖမ်းလုပ်ငန်းကို အများဆုံးလုပ်ကိုင် ကြကာ လက်ရှိတွင် တရားမဝင်ငါးခိုးဖမ်းမှုနှင့် တားမြစ်အချိန် ကာလအတွင်း ငါးဖမ်းခြင်းများကို မထိန်းချုပ် နိုင်သည့် အခြေနေတွင်ရှိနေ၍ ငါးသယံဇာတ‌ အထွက်နှုန်းမှာလည်း သိသာစွာလျော့နည်းလာနေရသည်။
Western News - စက်တင်ဘာ၊ ၂၁ ရက်

Read times Last modified on Monday, 04 October 2021 11:17
Rate this item
(0 votes)