Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၁၈ ၈ ၂၀၂၃

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင်

● မတ်ပဲဈေးနုန်းအနေဖြင့် ရန်ကုန် ဝယ်လက်နှင့် ပဲခွဲစက်များအဝယ်နည်းသော်လည်း လက်ကျန်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၂၄၀၀၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေသည်။

● ပဲတီစိမ်းဈေးနုန်းအနေဖြင့်ပဲတီစိမ်း(ရွှေဝါ/ခရမ်း) များမဝင်သေးခြင်း ပဲတီစိမ်း(အညာ) မှာလည်း မိုးပဲဝင်ချိန်နီးခြင်းကြောင့် လှောင်သမားထုတ်ရောင်းမှုရှိပြီး အရည်သွေးပေါ်မှုတည်၍ အညံ့ဆုံး ၃တင်းတစ်အိတ် ၁၄၅၀၀၀ ကျပ်မှ အကောင်းဆုံး ၁၇၀၀၀၀ ကျပ်တိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

ပဲစဉ်းငုံ (ဖြူ/နီ) ဈေးနုန်းမှာလက်ကျန်နည်းခြင်း၊ လှောင်သမားထံမှဝယ်ရခြင်းကြောင့် ရန်ကုန်ဝယ်လက်နှင့် ပဲခွဲစက်များ အဝယ်နည်းသော်လည်း ၊
● ပဲစဉ်းငုံ (ဖြူ) ၃တင်းတစ်အိတ် ၂၇၀၀၀၀ ကျပ်မှ ၂၈၀၀၀၀ကျပ်သို့လည်းကောင်း ၊
● ပဲစဉ်းငုံ (နီ) ၃တင်းတစ်အိတ် ၃၁၀၀၀၀ ကျပ်မှ ၃၂၀၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

ပဲပုတ် (ရှမ်း/မြန်မာ)တို့မှာ ဆောင်းလက်ကျန်နည်းခြင်း ၊ မိုးပဲမဝင်သေးခြင်း ၊လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့်
● ပဲပုတ် (မြန်မာ) ၃တင်းတစ်အိပ် ၂၁၃၀၀၀ ကျပ်မှ ၂၂၀၀၀၀ကျပ်သို့ လည်းကောင်း
● ပဲပုတ် (ရှမ်း) မိုးညင်းပဲပုတ်မှာလည်း ဆီစက်သမားအဝယ် ပုံမှန်ရှိ ခြင်းကြောင့် ၁၆၈၀၀၀ ကျပ်မှ ၁၇၃၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

ကုလားပဲဈေးနုန်းများအနေဖြင့် လက်ကျန်နည်းခြင်း၊ ပဲခွဲစက်များ ပဲကြော်/လှော်သမားများ အဝယ်ပုံမှန်ရှိခြင်း ၊ရံဖန်ရံခါ ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့်
● ကုဖြူကြီး ၃တင်းတစ်အိတ် ၂၅၉၀၀၀ ကျပ်မှ ၂၆၄၀၀၀ကျပ်
● လုံးဝါကြီး ၂၅၄၀၀၀ ကျပ်မှ ၂၇၄၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး
● ခွဲခြမ်းမှာလည်း လုံးဝါကြီးအမြင့်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရခြင်းကြောင့် တစ်ပိဿာ ၆၂၅၀ ကျပ်မှ ၆၃၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲယင်းနှင့် မြေတောက်ပဲမှာလည်း လက်ကျန်နည်းခြင်း ၊ အသစ်စိုက်ချိန် မရောက် သေးခြင်းကြောင့် ပစ္စည်းရှားခြင်း၊ ပဲခွဲစက်နှင့် လုပ်ငန်းသမား ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့်
● ပဲယင်း ၃တင်းတစ်အိတ် ၁၆၅၀၀၀ ကျပ်မှ ၁၇၃၀၀၀ ကျပ်
● မြေတောက်ပဲ ၅၄ ပိဿာ ၃၄၅၀၀၀ ကျပ်မှ ၃၅၅၀၀၀ ကျပ်သို့ဈေးမြင့်သွားသည်။

ပဲလွန်းဖြူ/ပြာမှာလည်း မိုးပဲမဝင်သေးခြင်း၊ ဆောင်းလက်ကျန်နည်းခြင်း၊ လက်လီသမား အဝယ်ပုံမှန်ရှိခြင်းကြောင့်
● ပဲလွန်းဖြူ ၃တင်းတစ်အိတ် ၁၆၀၀၀၀ကျပ်မှ၊ ၁၇၀၀၀၀ ကျပ်သို့ လည်းကောင်း
● ပဲလွန်းပြာ ၁၆၅၀၀၀ ကျပ်မှ ၁၇၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲကြီး (ကြီး/သေး) မှာ မိုးပဲမဝင်သေးခြင်း ၊ လက်လီသမားအဝယ်ရှိခြင်းကြောင့်
● ပဲကြီး (ကြီး) ၃တင်း တစ်အိတ် ၃၁၀၀၀၀ ကျပ် ဖြင့်ဈေးတည်ငြိမ်နေပြီး၊
● ပဲကြီး (သေး) မှာ ၂၇၅၀၀၀ ကျပ်မှ ၂၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

 

ထောပတ်ပဲ (ကြီး/ သေး) မှာလည်း ပစ္စည်းရှားခြင်း၊ လုပ်ငန်း သမားနှင့် တရုတ်ဝယ်လက်နည်းခြင်းကြောင့်
● ထောပတ်ပဲ (ကြီး) ၃တင်းတစ်အိတ် ၃၆၀၀၀၀ကျပ်မှ ၃၇၀၀၀၀ကျပ်သို့လည်းကောင်း၊
● ထောပတ်ပဲ (သေး)၃၄၅၀၀၀ကျပ်မှ ၃၅၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

 

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 18 August 2023 21:10
Rate this item
(0 votes)