Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ညွှန်ကြားရေးမှူးမှ ရှင်းလင်းဆွေးနွေး တင်ပြချက်များ

၂၀၂၁ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ညွှန်ကြားရေးမှူးမှ

ကုန်သည်အသင်း၊အဝေးပြေးအသင်း၊ကုန်စည်ဒိုင်များ၊ရှန်တိန်ယာဉ်မောင်းတင်ဒါတင်ထား သောကုမ္ပဏီများ၊ပိုးသတ်ဆေးဖြန်းတင်ဒါတင်ထားသောကုမ္ပဏီများ၊ခေါက်တိုကားတာဝန်ယူ ထားသောရွှေလွယ်အင်ကုမ္ပဏီမှတာဝန်ရှိသူများနှင့်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင်ကုန်သွယ်မှု ပြန်လည်စတင်ရေးအတွက်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။


ဆွေးနွေးခဲ့သောအချက်အလက်များ
ကုန်သွယ်ရေးညွှန်မှူးမှစတင်ဆွေးနွေးသည်မှာတရုတ်နိုင်ငံ၏ကူးစက်ရောဂါကာကွယ်တားဆီး ရေးနှင့်ကုန်သွယ်ရေးမူဝါဒအရကုန်သွယ်ရေးကိုကပ်ရောဂါများကင်းစင်သည့်အချိန်မရောက်မှီ ကာလအတွင်းခေါက်တိုကွန်တိန်နာစနစ်၊ရှန်တိန်ယာဉ်မောင်းစနစ်များဖြင့်သာစတင်လည်ပတ် ရန်မြန်မာနိုင်ငံစီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတာဝန်ရှိလူကြီးများသို့ညှိနှိုင်း လာမှုအပေါ်ကုန်သွယ်မှုလုပ်ငန်းစဉ်များတွင်လုပ်ကိုင်ဆောင်ရွက်ရန်လုပ်ငန်းအဆင့်ဆင့်ကိုရှင်း လင်းပြောကြားခဲ့ပါသည်။

ကုန်သွယ်ရေးညွှန်မှူး၏ရှင်းလင်းပြောကြားချက်များမှာ
၁။

၂၆.၁၁.၂၀၂၁ ရက်နေ့မှစတင်ကာတရုတ်နိုင်ငံကျင့်စန့်ကျော့တွင်ကျန်ရှိနေသောမြန်မာကုန်တင် ယာဉ်(၁၅ဝ)စီးခန့်အားခါလီဖြင့်မြန်မာဘက်အခြမ်းသို့ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။


၂။

မြန်မာဘက်အခြမ်းရှိကျန်ရှိနေသောတရုတ်ကား(၂၅၀)စီးခန့်အားခါလီဖြင့်တရုတ်နိုင်ငံ ဘက်အခြမ်းသို့ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။

၃။

စမ်းသပ်ကာလအဖြစ် ၂၆.၁၁.၂၀၂၁ နေ့မှစတင်ကာတရုတ်နိုင်ငံဘက်မှကွန်တိန်နာဖြင့်ကုန် ပစ္စည်းတင်ဆောင်ပြီးခေါက်တိုကား(၅)စီးနှင့်မြန်မာဘက်အခြမ်းသို့ဝင်ရောက်လာပြီး၊မြန်မာ ဘက်အခြမ်းမှမူဆယ်တွင်ချထားသော Exportပစ္စည်းကား(၅)စီးအား ကျင့်စန့်ကျော့ကုန်ချိန်း ကွင်းတွင်(၄၈)နာရီပိုးသတ်ထားပြီးခေါက်တိုကွန်တိန်နာပေါ်သို့ကုန်ပစ္စည်းချိန်းပြောင်း၍ တရုတ်နိုင်ငံဘက်အခြမ်းသို့ပို့ဆောင်မည်ဖြစ်ပါသည်။

၄။

စမ်းသပ်ကာလနှင့်ပတ်သက်၍အချိန်ကာလမည်မျှကြာမည်ကိုလတ်တလောတွင်မသိရှိ ရသေးပါ။

၅။

မူဆယ်နှင့်(၁၀၅)မိုင်ဂိုဒေါင်များတွင်ချထားပြီးဖြစ်သောအတက်ကုန်(Export)တန်ချိန် (၈၀,၀၀၀)ခန့်အားပထမဦးစွာပို့ဆောင်စေမည်ဖြစ်ပါသည်။၄င်းပစ္စည်းများပို့ဆောင်ပြီးစီးသည့် နောက်ပိုင်းရန်ကုန်၊မန္တလေးမှတက်လာမည့်ကုန်တင်ယာဉ်မောင်းများအနေဖြင့်(၁၀၅)မိုင်ရွေ မိုင်းယုဆီဆိုင်ကားကွင်းတွင်ဂိတ်ဆုံးစေပြီးCovid-19ရောဂါပိုးကူးစက်မှုရှိ/မရှိစစ်ဆေးမှုခံယူ ရမည်ဖြစ်ပါသည်။Covid-19 ကူးစက်ရောဂါပိုးမရှိသောယာဉ်မောင်းများနေထိုင်ရန်ရွှေမိုင်းယု ဆီဆိုင်ကားကွင်းအတွင်းအဆောက်အဦးစီစဉ်ထားသည်ဟုသိရှိရပါသည်။

၆။
အတက်ကုန်တင်ယာဉ်များအားရွှေမိုင်းယုဆီဆိုင်ကားကွင်းမှစ၍ရှန်တိန်ယာဉ်မောင်းအဆင့် ဆင့်ဖြင့်ကျင့်စန့်ကျော့ကုန်ချိန်းကွင်းသို့မောင်းနှင်သွားမည်ဖြစ်ပါသည်၊ရှန်တိန်ယာဉ်မောင်းခ နှုန်းထားများကိုညှိနှိုင်းနေဆဲဖြစ်သောကြောင့်လတ်တလောတွင်အတိအကျမသိရှိရသေးပါ။

၇။
တရုတ်နိုင်ငံဘက်အခြမ်းမှသွင်းကုန်ပစ္စည်းသယ်ယူရန်ခေါက်တိုကားခနှင့်ကွန်တိန်နာငှားရမ်းခနှုန်းထားများကိုညှိနှိုင်းနေဆဲဖြစ်ပါသည်။
ယနေ့အစည်းအဝေးမှဆွေးနွေးထားသောအချက်အလက်များကိုကုန်သွယ်ရေးညွှန်မှူးမှစီးပွားကူးသန်းရုံးချုပ်သို့ ထပ်ဆင့်တင်ပြပြီးမှသာအတည်ပြုဆုံးဖြတ်မည်ဟုသိရှိရပါသည်။

 

 

Read times
Rate this item
(0 votes)