Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


နို့ပြောင်းဖူးကြော်

နို့ပြောင်းဖူးကြော် google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကလေးများအကြိုက်တွေ့စေမည့်အပြင်

လူကြီးများလည်း ကြိုက်နှစ်သက်စေမည့် နို့ပြောင်းဖူးကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပြောင်းဖူး၊ နွားနို့၊ ကြက်သွန်နီ၊ သကြား၊ နနွင်းမှုန့်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ပြောင်းဖူးကို အခွံခွာ၊ အမွှေးများဖယ်ပြီး ပြောင်းဖူးစေ့များကို ဓားနဲ့ပါးပါးလေးတွေလှီးထားပါ။ ကြက်သွန်နီကို ပါးပါးလှီးလိုက်ပါ။

 

မီးဖိုပေါ်ကို ဒယ်အိုးတင်လိုက်ပြီး ကြော်မည့်ဒယ်အိုးထဲကို ဆီထည့် ဆီပူရင် ကြက်သွန်ကို နနွင်းမှုန့်အနည်းငယ်နဲ့အတူ ကြော်လိုက်ပါ။

 

ကြက်သွန်နွမ်းရင် ပြောင်းဖူး၊ နွားနို့၊ သကြား၊ ဆားတို့ကိုထည့်ပြီး နှံ့အောင်မွှေလိုက်ပါ။ မီးအနေတော်နဲ့ အဖုံးအုပ်ပြီး ဆီပြန်တဲ့အထိ ကြော်ပေးပါ။

 

ပြောင်းဖူးက လတ်ဆတ်နေရင် အချိန်အကြာကြီး ကြော်စရာမလိုပါဘူး။ အရသာအနေတော်ရင် နွားနို့ပြောင်းဖူးကြော်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

ပြောင်းဖူးရဲ့ လတ်ဆတ်တဲ့ သဘာဝအရသာလေးကို နွားနို့ရဲ့အဆိမ့်အရသာလေးနဲ့ ပေါင်းစပ်ပြီး ကြော်ထားတဲ့အတွက် ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:39
Rate this item
(1 Vote)