Myanmar



ပြည်မြို့၏ မြေပဲကြံသကာထုတ်လုပ်မှုအခြေအနေနှင့် အကျိုးအမြတ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အတွင်း ကြံများစိုက်ပျိုးလျက်ရှိရာ ယခုကာလသည် ကြံများခုတ်သိမ်းချိန်ရာသီဖြစ်၍ တောင်သူ

များမှာ သကြားစက်များသို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းများ၊ ရှိသကဲ့သို့ အချို့တောင်သူများမှာလည်း တစ်နိုင်တစ်ပိုင် ကြံသကာချက်လုပ်၍ ကြံသကာအဖြစ် ရောင်းချခြင်းနှင့် ကြံသကာပြုလုပ်သည့် ဖိုများသို့ ရောင်းချခြင်းများရှိကြောင်း သိရသည်။

 

တစ်ပိုင်တစ်နိုင် ကြံသကာချက်လုပ်သူများအနေဖြင့် ကြံသကာချက်လုပ်ရာတွင် ကြံတစ်တန်လျှင် ကြံအရည်ပုံး ၃၀ ခန့် ရရှိပြီး တစ်တန်လျှင် ဒယ် ၃၀ခန့် ချက်လုပ်ရကြောင်း ကြံတစ်တန် ချက်လုပ်ကုန်ကျစရိတ်မှာ ငွေကျပ် ၉၈,၅၀၀ ခန့် ကုန်ကျကြောင်းနှင့် ကြံသကာပိဿာချိန် ၆၀ ထွက်ရှိပြီး ဝင်ငွေအနေဖြင့် တစ်တန်လျှင် ငွေကျပ် ၁၂၀,၀၀၀ ရရှိပါက အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၂၁,၅၀၀ ခန့်ရရှိကြောင်း၊ တစ်နေ့လျှင် လေးတန်ကျ ချက်လုပ်နိုင်သဖြင့် တစ်နေ့ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၈၆,၀၀၀ ခန့်ရရှိကြောင်းသိရသည်။

 

Tin Aye

Click Here >>> Tin Aye (U)

ချက်လုပ်ရရှိသော ရိုးရိုးကြံသကာများကို စျေးကွက်အတွင်း တစ်ပိုင်တစ်နိုင်ရောင်းချသကဲ့သို့ အချို့မှာ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်သော ကြံသကာဖိုများသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

 

မြေပဲကြံသကာ တစ်ဒယ် ထုတ်လုပ်ကုန်ကျစရိတ်မှာ ကြံသကာ၊ သကြား၊ မြေပဲ ၅၀ ကျပ်သား၊ နှမ်းနှင့် ပေါက်ပေါက် ၃၅ ကျပ်သား၊ ကပ်စေး ၈၀ ကျပ်သား၊ ဆန်မှုန့် ၄၅ ကျပ်သားဖြင့် စုစုပေါင်း ထုတ်လုပ်ကုန်ကျစရိတ် ငွေကျပ် ၁၉,၇၀၀ ခန့် ကုန်ကျကြောင်း၊ တစ်ဒယ်လျှင် ၇ ပိဿာ ၆၀ ကျပ်သားရရှိရာ စျေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၂,၇၀၀ ဖြင့် ရောင်းချရ၍ တစ်ဒယ်လျှင် ငွေကျပ် ၂၀,၅၀၀ ရရှိကြောင်း၊ တစ်နေ့လျှင် ဒယ် ၄၂၀ ခန့် ကျိုချက်နိုင်သောကြောင့် မြေပဲကြံသကာ ထုတ်လုပ်မှုလုပ်ငန်းသည် ထုတ်လုပ်ရောင်းချမည့်သူများ အတွက် တွက်ခြေကိုက်လျက်ရှိကြောင်းသိရသည်။

Read times Last modified on Friday, 17 February 2023 14:33
Rate this item
(0 votes)