Myanmar
အထူးသီးသန့်ထုတ်ကုန်သစ်ဖြစ်သည့် Double Cask Collection Sherry Cask အား ဈေးကွက်တွင်း စတင်မိတ်ဆက်
Grand Royal Special Reserve Whisky ၏ အထူးသီးသန့်ထုတ်ကုန်သစ်ဖြစ်သည့် Double Cask Collection Sherry Cask အား ဈေးကွက်တွင်း စတင်မိတ်ဆက်
တစ်မူထူးခြားကြွယ်ဝသောအနံ့အရသာနှင့် သာယာမှုနှစ်ဆတိုးစေရန် Grand Royal Special Reserve Whisky အား စပိန်နိုင်ငံမှတင်သွင်းထားသည့် သက်တမ်းရင့် ရှယ်ရီဝက်သစ်ချသားစည်များဖြင့် ထပ်ဆင့်နှစ်ချို့ထားသော ထုတ်ကုန်သစ်
မြန်မာနိုင်ငံ၏ အကောင်းဆုံးအရည်အသွေးမြင့် ဝီစကီထုတ်လုပ်သူအနေဖြင့် Grand Royal Special Reserve Whisky သည် ဝယ်ယူသူတိုင်း၏ အောင်မြင်မှုများကို နှစ်ဆတိုး ဂုဏ်ပြုဆင်နွှဲရန်အတွက် တစ်မူထူးခြားကောင်းမွန်သောထုတ်ကုန်များထုတ်လုပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် သာယာမှုကိုနှစ်ဆတိုးစေမည့် Grand Royal Special Reserve Whisky ၏ ထုတ်ကုန်သစ်ဖြစ်သော Double Cask Collection Sherry Cask အား ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ယနေ့ပင် မိတ်ဆက်လိုက်ပါသည်။
အရေအတွက်အကန့်အသတ်ဖြင့် သီးသန့်ထုတ်လုပ်သည့် ဤထုတ်ကုန်သစ်ကို ဖန်တီးရာ၌ နှစ်လိုဖွယ် ဝက်သစ်ချသားရနံ့စွဲထင်စေရန် အမေရိကန်ဝက်သစ်ချသားစည်ဖြင့် ပထမဦးစွာနှစ်ချို့ထားပြီး လန်းဆန်းသောသစ်သီးအရသာနှင့် ရှိန်းမြမြခံစားမှုကိုပေးစွမ်းနိုင်ရန်အတွက် စပိန်နိုင်ငံမှ တင်သွင်းလာသော သက်တမ်းရင့် ရှယ်ရီဝက်သစ်ချသားစည်ထဲသို့ ပြောင်းရွှေ့ကာ ထပ်မံနှစ်ချို့ဖော်စပ်သည့်နည်းလမ်းကို အသုံးပြုထားခြင်းကြောင့် Grand Royal Special Reserve Whisky ၏ Double Cask Collection Sherry Cask သည် မြန်မာနိုင်ငံတွင် စည်နှစ်ဆင့်ဖြင့် နှစ်ချို့ထားသော ပထမဆုံးထုတ်ကုန်သစ်ဖြစ်သည်။ ဟန်ချက်ညီ၍ သေသပ်လှပစွာ ရောစပ်ဖန်တီးထားသော ဤရွှေအိုရောင်ဝီစကီတစ်စက်ခြင်းစီတိုင်းသည် လန်းဆန်းသင်းပျံ့သောရနံ့၊ ပျားရည်နှင့်မုယောစပါးတို့ အချိုးကျစွာပေါင်းစပ်ပါဝင်နေသောအရသာနှင့် သက်ဝင်ချောမွေ့သော အဆုံးသတ်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
Grand Royal Group International Company Limited ၏ အမှုဆောင်အရာရှိချုပ် Mr. Rahul Colaco ကလည်း အသစ်မိတ်ဆက်လိုက်သော ထုတ်ကုန်နှင့်စပ်လျဉ်း၍ "ကျွန်တော်တို့ ထုတ်ကုန်တွေကို အစဉ်အမြဲ အားပေးနေကြသူများအတွက် နိုင်ငံတကာအဆင့်မီအရည်အသွေးကို ပေးစွမ်းနိုင်ဖို့ ကျွန်တော်တို့ Grand Royal Special Reserve Whisky ရဲ့ Double Cask Collection Sherry Cask ကို အရည်အသွေးမြင့်မားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အချိုးအစားတိကျညီမျှစွာ ဖော်စပ်ထုတ်လုပ်ထားပါတယ်။ Grand Royal Special Reserve Whisky ရဲ့ အောင်မြင်မှုကို ထပ်လောင်းဆင်နွှဲဖို့အတွက် သစ်လွင်ထူးခြားတဲ့ဖော်စပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဟန်ချက်ညီတဲ့အရသာ၊ နှစ်လိုဖွယ်ရနံ့တို့နဲ့ ဝယ်ယူအားပေးသူတွေရဲ့ သာယာမှုကို နှစ်ဆတိုးစေမဲ့ ဒီထုတ်ကုန်သစ် Double Cask Collection Sherry Cask ကို ထုတ်လုပ်ရခြင်းဖြစ်ပါတယ်။ စပိန်နိုင်ငံက အထူးထုတ်လုပ်တဲ့ ရှယ်ရီဝက်သစ်ချသားစည်များကို မြန်မာနိုင်ငံတွင်း တင်သွင်းနိုင်တဲ့ တစ်ခုတည်းသောလုပ်ငန်းဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့တွေသာမက ကျွန်တော်တို့ကို အစဉ်အမြဲအားပေးနေသူတွေကပါ ဂုဏ်ယူကြလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု မှတ်ချက်ပြုခဲ့သည်။
Grand Royal Special Reserve Whisky ၏ Double Cask Collection Sherry Cask ကို ထုတ်လုပ်ရာတွင် အခရာဖြစ်သူ အတွေ့အကြုံရင့် ဝီစကီကျွမ်းကျင်ပညာရှင် Mr. Edwin ကလည်း "ကျွန်တော်တို့ရဲ့ထုတ်ကုန်သစ် Double Cask Collection Sherry Cask ဟာ အမေရိကန်ဝက်သစ်ချသားစည်ထဲမှာ နှစ်ချို့ပြီးသားဖြစ်တဲ့ Grand Royal Special Reserve Whisky ကို စပိန်နိုင်ငံကနေ အထူးမှာယူတင်သွင်းထားတဲ့ ရှယ်ရီဝက်သစ်ချသားစည်ထဲမှာ ထပ်ဆင့်နှစ်ချို့ခံပြီး ရရှိလာတဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ဒီစပိန်ရှယ်ရီဝက်သစ်ချသားစည်ကြောင့် စွဲမက်ဖွယ်အရသာ၊ နူးညံ့တဲ့မီးခိုးရနံ့နဲ့ ချောမွေ့တဲ့အဆုံးသတ်ကို ရရှိစေပြီး သာယာမှုကို နှစ်ဆတိုးခံစားရစေမှာဖြစ်ပါတယ်" ဟု ပြောကြားသွားခဲ့သည်။
သတ်မှတ်ထားသော ဆိုင်များတွင်သာ အချိန်ကာလအကန့်အသတ်ဖြင့် ရောင်းချပေးသွားမည့် Grand Royal Special Reserve Whisky ၏ Double Cask Collection Sherry Cask သည် အောင်မြင်မှုအထိမ်းအမှတ်တိုင်းကို ဆင်နွှဲရန်အတွက် ပြီးပြည့်စုံသော အဖော်မွန်တစ်ခုဖြစ်သည့်အပြင် ဝီစကီအား အမြတ်တနိုးဝယ်ယူစုဆောင်းထားတတ်သူများအဖို့ လက်ရာပြောင်မြောက်သော ဖန်တီးမှုတစ်ခုလည်းဖြစ်ပြီး မိမိချစ်မြတ်နိုးသူများကိုပေးရန် အကောင်းဆုံးလက်ဆောင်တစ်မျိုးလည်းဖြစ်ခြင်းကြောင့် ဤအထူးသီးသန့်ထုတ်ကုန်အား ပိုင်ဆိုင်ခွင့်ရရန်အတွက် သတ်မှတ်ထားသောကာလအတွင်း အမြန်ဆုံး ဝယ်ယူကြပါရန် တိုက်တွန်းအပ်ပါသည်။
ရန်ကုန်မြို့တွင်ရောင်းချပေးနေသည့်ဆိုင်များ
● Green
● Asahi 1 (ဗထူး)
● Ginki Yangon
● Shwe Li (ကမ္ဘာအေး)
● Kyaw
● Kanote (မြောက်ဒဂုံ)
● Kanote (တာမွေ)
● Win Lion House
● Win Star
● Friends’ Fusion
● The Lounge
● Terminal 5 (၁၉ လမ်း)
● Terminal 5 (စမ်းချောင်း)
● Great Burma
● Nice Mini Bar
● Vista
● Party House
● The Glass
● Inya View
● MadameEm’s
● City Mart Supermarket
● marketplace by City Mart
● Ocean Supercenter
မန္တလေးမြို့တွင်ရောင်းချပေးနေသည့်ဆိုင်များ
● JJ 26
● JJ 74
● JJ 65
● The Dream
● Royal Class
● Dream Palace
● One Star
● Old Version
● The Rock
● Blue Motion
● City Mart Supermarket
● marketplace by City Mart
● Ocean Supercenter
Grand Royal Special Reserve Whisky ၏ Double Cask Collection Sherry Cask အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက
https://www.facebook.com/specialreservewhisky/
တွင် ဖတ်ရှုနိုင်ပါသည်။
စပိန်ရှယ်ရီဝက်သစ်ချသားစည်အကြောင်း
စပိန်နိုင်ငံမှထုတ်လုပ်သော ရှယ်ရီဝက်သစ်ချသားစည်သည် ပုံသဏ္ဍာန်အားဖြင့် ကျဉ်းမြောင်းပြီး အရွယ်အစားကြီးမားကာ စျေးကွက်တွင်း၌ အလွယ်တကူဝယ်ယူ၍မရနိုင်သည့် တန်ဖိုးကြီးစည်အမျိုးအစားဖြစ်သည်။ စပိန်ရှယ်ရီဝက်သစ်ချသားစည်များသည် ထူးကဲချောမွေ့သည့်ခံစားမှုနှင့် နူးညံ့သောမီးခိုးရနံ့တို့ကို ပေးစွမ်းနိုင်သည်။ အရည်အသွေးမြင့်မားသောပါဝင်ပစ္စည်းများနှင့် စပိန်ရှယ်ရီဝက်သစ်ချသားစည်တို့၏ ထိတွေ့ပေါင်းစပ်မှုသည် ဝီစကီ၏ ချောမွေ့၍ နှစ်လိုဖွယ်ရာ အဆုံးသတ်ကို ဖန်တီးပေးနိုင်စွမ်းရှိသည်။
Grand Royal Special Reserve Whisky အကြောင်း
Grand Royal Special Reserve Whisky သည် အရည်အသွေးမြင့်မားသော ပါဝင်ပစ္စည်းများဖြင့် ရောစပ်ပြုလုပ်ထားပြီး ထူးကဲသော အနံ့၊ အရသာနှင့် ခံစားမှုတို့ကို ပေးစွမ်းနိုင်သည့် မြန်မာ့အကောင်းဆုံး မုယောဝီစကီဖြစ်သည်။ Grand Royal Special Reserve Whisky ကို စကော်တလန်နိုင်ငံမှ အတွေ့အကြုံရင့် ဝီစကီကျွမ်းကျင်ပညာရှင်က စကော့မုယောစပါးဝီစကီ ၁၆ မျိုးနှင့် မြန်မာနိုင်ငံမှ မုယောစပါးဝီစကီတို့ကို အချိုးညီမျှစွာ ဂရုတစိုက်ရောစပ်ဖန်တီးထားခြင်းဖြစ်သည်။ Grand Royal Special Reserve Whisky သည် ပျားရည်နှင့် အခွံမာသီးတို့ အချိုးကျပေါင်းစပ်ပါဝင်နေသည့် ဟန်ချက်ညီသောအရသာ၊ အမေရိကန်ဝက်သစ်ချသားအနံ့နှင့် သက်တမ်းရင့်မုယောစပါးအနံ့တို့ရောနှောနေသည့် နှစ်လိုဖွယ်ရနံ့ နှင့် သက်ဝင်နွေးထွေးပြီး ချိုမြိန်လတ်ဆတ်သောအဆုံးသတ်ကို ပေးစွမ်းနိုင်သည့် ဝီစကီဖြစ်သည်။ မြင့်မားသောအရည်အသွေး၊ တစ်မူထူးခြားသော အနံ့၊ အရသာ၊ ခံစားမှုတို့နှင့် ပြည့်စုံသည့် Grand Royal Special Reserve Whisky သည် World Whiskies Awards 2020 အပါအဝင် နိုင်ငံတကာအသိအမှတ်ပြုဆုပေါင်း (၃၂) ခုကျော်ကို ဆွတ်ခူးရရှိထားသည်။
Introducing Limited Edition: Grand Royal Special Reserve Double Cask Collection Sherry Cask
A new extension by Grand Royal Special Reserve that Doubles the pleasure by “double maturing” the blend in Spanish ex-sherry oak casks to create an extraordinarily smooth and rich flavour
Being the maker of Myanmar’s Finest Whisky - Grand Royal Special Reserve, we believe in going the extra mile to create an exceptional product that can double the celebration of every achievement with pride. Therefore, today, we are thrilled to share our new, distinguished variant – Grand Royal Special Reserve Double Cask Collection Sherry Cask, designed to give you double the pleasure.
Pioneering the ageing process with Spanish Ex-Sherry Oak casks in Myanmar, this exclusive limited edition is first aged in American oak casks for a true barrel-aged oaky taste to settle in; it is then moved to a sherry cask, specially sourced from Spain, to infuse in the sublime flavours of tropical fruits with a hint of soft spice. Every drop of this intense deep gold blend is beautifully balanced with fresh and fragrant aromas, followed by hints of honey, malts and a lovely smooth finish.
Commenting on the launch, Mr Rahul Colaco, CEO of Grand Royal Group International Company Limited, said, “Keeping in mind the taste of our consumers and international quality, Grand Royal Special Reserve Double Cask Collection Sherry Cask is produced with great precision, premium ingredients, and craftsmanship. We want to celebrate our achievements by delighting our consumers with the double pleasure of the new sensational aroma and the balanced taste and flavour of this new blend. Being the only importer of Spanish Cask in Myanmar, it’s a moment of pride for us and our loyal consumers.”
Adding on this, the master blender of the Grand Royal Special Reserve Double Cask Collection Sherry Cask, Mr Edwin said, “Our new collection is a result of maturing in a unique sherry cask – sourced from Spain - in the ageing process of Grand Royal Special Reserve. Finishing in these special Spanish Sherry Wine Casks has doubled the pleasure from the blend by providing an extraordinary silky-smooth texture and mellow smokiness, making the flavour irresistible.”
Exclusively available for a limited time only at selected outlets, Grand Royal Special Reserve Double Cask Collection Sherry Cask is a perfect companion for the celebration of your next achievement, a masterpiece for your whisky collection and an excellent gift for someone special. So, hurry up; the collection is up for grab!
Yangon Outlets
● Green
● Asahi 1 (Ba Htoo)
● Ginki Yangon
● Shwe Li (Kabaraye)
● Kyaw
● Kanote (North Dagon)
● Kanote (Tarmwe)
● Win Lion House
● Win Star
● Friends’ Fusion
● The Lounge
● Terminal 5 (19 Street)
● Terminal 5 (Sanchaung)
● Great Burma
● Nice Mini Bar
● Vista
● Party House
● The Glass
● Inya View
● MadameEm’s
● City Mart Supermarket
● marketplace by City Mart
● Ocean Supercenter
Mandalay Outlets
● JJ 26
● JJ 74
● JJ 65
● The Dream
● Royal Class
● Dream Palace
● One Star
● Old Version
● The Rock
● Blue Motion
● City Mart Supermarket
● marketplace by City Mart
● Ocean Supercenter
To know more about the Grand Royal Special Reserve Double Cask Collection Sherry Cask, please visit https://www.facebook.com/specialreservewhisky/.
About Spanish Sherry Casks
Sherry casks came from Spain; they are narrow in shape and large in size and are among the most expensive and hard to find in the market. The cask provides a unique silky-smooth texture and mellow smokiness. The amalgamation of premium ingredients and Spanish sherry cask makes a beautiful blend of whisky with a lovely smooth finish.
About Grand Royal Special Reserve
Grand Royal Special Reserve is Myanmar’s finest Whisky that has a premium and a perfect blend of best in quality ingredients that gives a sweet and flavorful palate with great fragrance. It has been skillfully crafted by our Scottish master blender from a combination of 16 Scotch malts, Scotch and Myanmar grain whiskies. The Taste of Grand Royal Special Reserve has balanced multi-layer flavours because of Honey & Nuts. The Aroma has a Scent of American oak wood combined with peated malt, and the Finish Palate is fresh, warm and lively, leaving a sweet and refreshing impression. Over the years, Grand Royal Special Reserve has been conferred with 32+ international awards for its premium quality, including the prestigious World Whiskies Awards 2020.



