Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချို၊ ဆိမ့်၊ ခါး အရသာလေးနဲ့ အလွန်သောက်လို့ကောင်းတဲ့ ဂွေးတောက်ရွက် ကြက်ရိုးဟင်းချို

ဂွေးတောက်ရွက်က အသည်းကို အားကောင်းစေတယ်လို့ သိရပါတယ်။ ယောက်ျားလေးအတွက်လည်း ကျန်းမာရေးနှင့် ညီညွတ်စေပါတယ်။ လုပ်ရတာ လွယ်ကူစေတဲ့ ဂွေးတောက်ရွက် ကြက်ရိုးဟင်းချို ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဂွေးတောက်ရွက်၊ ကြက်ရိုး၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ သကြားတို့ ပါဝင်ပါတယ်။  

 

ပထမဦးဆုံး ကြက်ရိုးများကို ရေဖြင့် သန့်စင်ဆေးကြောပြီး ရေနွေးဖျောပေးပါ။

 

ရေနွေးဖျောတာကတော့ အညစ်အကြေးတွေပြောင်အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။

 

ပြီးလျှင်တော့ ကြက်ရိုးများကို အိုးတစ်အိုးထဲထည့်ပြီး ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ကြက်သားမှုန့်၊ သကြား၊ ဆား တို့ထည့်ပြီး ပြုတ်ပေးပါ။

 

နာရီဝက်ခန့်ပြုတ်ပြီးပါက ဂွေးတောက်ရွက်များထည့်လိုက်ပါ။  

 

Read More >>>>>  တရုတ်နိုင်ငံမှ မြန်မာ့နှမ်းကို ဈေးကောင်းပေးဝယ်နေ

 

ပြီးနောက် အရသာကို အနေတော်ဖြစ်မဖြစ် မြည်းကြည့်ပါ။

 

ပြီးရင်တော့ ချို၊ ဆိမ့်၊ ခါး အရသာလေးနဲ့ အလွန်သောက်လို့ကောင်းတဲ့ ဂွေးတောက်ရွက် ကြက်ရိုးဟင်းချိုလေးကို မြိန်ယှက်စွာ သောက်သုံးနိုင်ပါတယ်။

Read times Last modified on Thursday, 04 July 2019 09:51
Rate this item
(1 Vote)