Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးပြေမဆီပြန်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူ

ချက်ပြုတ်နိုင်တဲ့ ငါးပြေမဆီပြန် ဟင်းချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးပြေမ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်၊ ခရမ်းချဉ်သီးမှည့်၊ နံနံပင်၊ ဆီ၊ ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ၀ယ်လာတဲ့ ငါးပြေမကိုကြေးခွံပြောင်နေအောင်ရှင်းပြီးလျှင် ပါးဟပ်၊ ဆူးတောင်လေးများနှင့် အမြီး ကိုဖြတ်လိုက်ပါ။ ဆူးတောင်လေးတွေကိုင်တဲ့အခါ သတိထားသင့်ပါတယ်။ ငါးပြေမဆူးတောင်ဆူးမိရင် အဆိပ်တက်ပြီး အနာရင်းစေတတ်ပါတယ်။

 

ငါးပြေမကို ရေဆေးသန့်စင်ပြီးနှစ်ပိုင်းပိုင်းကာ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်တို့နှင့် ရောနယ်ထားပါ။

 

ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်ခြောက်တောင့်တို့ကို ညက်အောင်ရောထောင်းထားပါ။ ခရမ်းချဉ်သီးနှင့် နံနံပင်ကိုပါးပါးလှီးထားပါ။

 

ပြီးလျှင် ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး ညက်အောင် ထောင်းထားတဲ့အရာများကို နနွင်းမှုန့်ထည့်၍ ဆီသတ်ပေးပါ။

 

ဆီသတ်လို့ မွှေးပြီးနွမ်းလာလျှင ခရမ်းချဉ်သီးထည့်လိုက်ပါ။

 

ပြီးနောက် ဆား၊ ငါးငံပြာရည်၊ ဟင်းခတ်မှုန့်တို့ဖြင့် အရသာဖြည့်စွက်ပြီး ခေတ္တအဖုံးအုပ်ထားပါ။

 

ပြီးတော့မှ ငါးပြေမကို ထည့်လိုက်ပါ။ ငါးအသားများနူးပြီး ရေခမ်း၊ ဆီပြန်လာပြီဆိုမှ နံနံပင်လေး
ထည့်လိုက်ပါ။ ပြီးလျှင် မီးဖိုပေါ်မှချ၍ ငါးပိရည်၊ ထမင်းပူပူလေးနှင့် တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

 

Read times Last modified on Tuesday, 18 September 2018 15:18
Rate this item
(3 votes)