Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့် မတ်ပဲမှာ အဝင်ပုံမှန် ၊ အရောင်းအဝယ်အေး၍ ပစ္စည်းရှားသော်လည်း ၆၀ ပိဿာ ၂၀၂၀၀၀ ကျပ်ဈေး ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပဲတီစိမ်း(အညာ)မှာ ဆောင်းလက်ကျန်နည်းခြင်း ၊ မိုးပဲစိုက်ချိန်နီးခြင်းကြောင့် အရောင်းအဝယ်ပုံမှန်ဖြစ်သော်လည်း ၅၆.၂၅ ပိဿာလျှင် ၁၆၅၀၀၀ ကျပ် မှ ၁၉၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ပဲတီစိမ်း(ခရမ်း)မှာ အဝင်နည်းသွားခြင်း ၊ ရန်ကုန်ဘက်သို့ တင်ပို့မှုများပြီး မန္တလေး ဘက်သို့ အဝင်နည်းသဖြင့် ယခင်အပတ် ၂၀၈၀၀၀ ကျပ် မှ ယခုအပတ် ၂၃၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။


ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ ပစ္စည်းရှားသော်လည်း ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် ပဲစဉ်းငုံ(နီ) ၆၀ ပိဿာ ၂၂၆၀၀၀ ကျပ် ၊ ပဲစဉ်းငုံ(ဖြူ) ၆၀ ပိဿာ ၂၁၇၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲပုတ်(မြန်မာ/ရှမ်း)တို့မှာ ပဲပုတ်(မြန်မာ) အသစ် ဝင်ရောက်မှုရှိခြင်း ၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၅၃.၂၅ ပိဿာ ၂၁၀၀၀ ကျပ် ၊ ပဲပုတ်(ရှမ်း)မှာ ဆီစက်သမား အဝယ်နည်းခြင်း ၊ အသစ်ဝင်ချိန်ဖြစ်ခြင်းကြောင့် ၅၃.၂၅ ပိဿာ ၁၅၅၀၀၀ ကျပ် မှ ၁၃၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ကုလားပဲအုပ်စုအနေဖြင့် ကုလားပဲ(လုံးဖြူကြီး)မှာ ပစ္စည်းရှားခြင်း ၊ လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် ၅၇.၂၅ ပိဿာ ယခင်အပတ် ၂၁၅၀၀၀ ကျပ် မှ ယခုအပတ် ၂၁၉၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ကုလားပဲ(လုံးဝါကြီး)မှာ ၅၆.၂၅ ပိဿာ ၂၀၆၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ခွဲခြမ်းမှာ အမြင့်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရခြင်းကြောင့် တစ်ပိဿာ ၄၈၀၀ ကျပ် မှ ၅၁၅၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲယင်း ၊ စားတော်ပဲတို့မှာ အရောင်းအဝယ်အေးခြင်းကြောင့် ပဲယင်း ၆၀ ပိဿာ ၁၅၂၀၀၀ ကျပ် ၊ စားတော်ပဲ(ကျွန်း) ၅၉.၂၅ ပိဿာ ၃၃၀၀၀ ကျပ် မှ ၃၄၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပဲလွန်းဖြူ ၆၀ ပိဿာ ၁၄၀၀၀၀ ကျပ် ၊ ပဲလွန်းပြာ ၅၄.၂၅ ပိဿာ ၂၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

မြေတောက်ပဲမှာ အရောင်းအဝယ်အေးသော်လည်း ပစ္စည်းရှားခြင်း ၊ အရည်အသွေး ကောင်းရှားခြင်းကြောင့် ၅၄ ပိဿာ အရည်အသွေးအကောင်းဆုံး ၂၇၀၀၀၀ ကျပ် မှ ၂၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။



ပဲကြီး(ကြီး/သေး)တို့မှာ အရောင်းအဝယ်အေးသော်လည်း ပစ္စည်းနည်းခြင်းကြောင့် ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာ ၂၃၅၀၀၀ ကျပ် မှ ၂၆၅၀၀၀ ကျပ် သို့လည်းကောင်း ၊ ပဲကြီး(သေး) ၅၅.၂၅ ပိဿာ ၂၁၅၀၀၀ ကျပ် မှ ၂၂၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။



ထောပတ်ပဲ(ကြီး)မှာ ပစ္စည်းရှားသဖြင့် အရောင်းအဝယ်အေးသော်လည်း ၅၆.၂၅ ပိဿာ ၂၃၈၀၀၀ ကျပ် ဈေးဖြင့်တည်ငြိမ်နေပြီး ထောပတ်ပဲ(သေး)မှာ လုပ်ငန်းသမား ၊ လက်လီသမား အဝယ်ရှိခြင်းကြောင့် ၅၆.၂၅ ပိဿာ ယခင်အပတ် ၂၂၅၀၀၀ ကျပ် မှ ယခုအပတ် ၂၃၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 28 April 2023 14:24
Rate this item
(0 votes)