Myanmar
ပုစွန်ပြောင်းဖူးကြော်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ပုစွန်ကိုဒီအတိုင်းချည်းမစားချင်သူများအတွက်
ပုစွန်ပြောင်းဖူးကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ပုစွန်၊ ပြောင်းဖူး၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်း၊ နှမ်းဆီ၊ ဆား၊ သကြား၊ ကော်မှုန့်၊ ပဲငံပြာရည် တို့ လိုအပ်ပါမယ်။
ပုစွန်ကို အခွံခွာ ချေးထုတ် ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။ ပြီးလျှင် ပုစွန်ကို ဆား၊ သကြားတို့နှင့် နယ်ပြီး ထောင်းထားပါ။
ပြောင်းဖူးကို ရေဆေးပြီး ဓားဖြင့် လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူနှင့် ချင်းကို ထောင်းထားပါ။
ပြီးလျှင် ဇလုံတစ်လုံးထဲတွင် ပုစွန်၊ ပြောင်းဖူး၊ ကြက်သွန်ဖြူ၊ ချင်း၊ ဆား၊ သကြား၊ ကော်မှုန့်၊ ငရုတ်ကောင်း၊ နှမ်းဆီမွှေးနှင့် ကြက်ဥအကာကို ထည့်၍ ရောမွှေပေးပါ။
ပြီးနောက် အပြားလေးများလုပ်၍ ရေခဲသေတ္တာထဲတွင် နှစ်နာရီခန့် ထည့်ထားပါ။
ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့် ဆီပူလာလျှင် မီးအနေတော်ထည့်၍ ရွှေရောင်သန်းသည်အထိ ကြော်ပေးပါ။
ပြီးနောက် ဇကာဖြင့် ဆီစစ်ထားပါ။ ပြီးရင်တော့ မိမိကြိုက်နှစ်သက်ရာအချဉ်ရည်ဖြင့် ပုစွန်ပြောင်းဖူးကြော်လေးကို တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။