Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးခေါင်းချဉ်စပ်ဟင်း

ငါးခေါင်းချဉ်စပ်ဟင်း google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အရည်သောက်စားချင်သူများနှင့်ချဉ်ငံစပ်စားချင်

သူများအတွက် ငါးခေါင်းချဉ်စပ်ဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးခေါင်း၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ မျှစ်၊ မှို၊ ငုံးဥ၊ နံနံပင်၊ ပင်စိမ်း၊ သံပရာသီး၊ ချင်း၊ ငရုတ်သီးစိမ်း၊ ငရုတ်ပွ၊ စပါးလင်၊ ဆား၊ နနွင်းမှုန့်၊ ငံပြာရည်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးခေါင်းကို ရေဖြင့်သန့်စင်စွာ ဆေးကြောပြီး ဆား၊ နနွင်းမှုန့်၊ ငံပြာရည်တို့ဖြင့် ရောနယ်ထားပါ။

 

ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ပွတောင့်တို့ကို ရောထောင်းပါ။ စပါးလင်ကို မလိုတဲ့အပိုင်းကို ဖယ်ထုတ်ပြီး သုံးမယ့်အပိုင်းကို ထုချေထားပါ။

 

ပြီးလျှင် မျှစ်ကို ရေစိမ်ထားပါ။ ငုံးဥကို ပြုတ်ထားပါ။ မှိုကိုလည်း ရေဆေးသန့်စင်ထားပါ။

 

ပြီးနောက် အိုးတစ်လုံးထဲမှာ နယ်ထားသော ငါးခေါင်းနဲ့ ရောထောင်းထားတဲ့ ကြက်သွန်၊ စပါးလင်၊ ခရမ်းချဉ်သီးတို့ကို လှီးထည့်ပြီး ရေအနည်းငယ်ထည့်၍ တည်ထားပေးပါ။

 

ဟင်းအိုးရေဆူပွက်လာလျှင် အပေါ့အငန်မြည်းကြည့်ပါ။ ရေကို ငါးခေါင်းမြှုပ်တဲ့အထိထည့်ပြီး ပြန်တည်ထားပေးပါ။

 

ငါးခေါင်းနူးလာလျှင် မှို၊ မျှစ်၊ ငုံးဥကို အခွံခွာပြီး ထည့်လိုက်ပါ။ ပြီးရင် နံနံပင်၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းအုပ်လိုက်ပါ။ မီးဖိုပေါ်မှ ငါးခေါင်းဟင်းအိုး ချခါနီးလျှင် သံပရာရည်ကို ထည့်လိုက်ပါ။

 

ပြီးရင်တော့ ထမင်းပူပူလေးနှင့် ချဉ်ငံစပ်အရသာရှိတဲ့ ငါးခေါင်းချဉ်စပ်ဟင်းလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:41
Rate this item
(1 Vote)