Myanmar



မန္တလေးဈေးကွက် ဆီဈေးနှုန်းများနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆီဈေးနှုန်းများ နှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

26 08 2023

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းတွင် ဆီထွက်သီးနှံများ အနက် မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနုန်းမှာ မိုးမြေပဲ မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်း၊ လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက် ရှိခြင်းကြောင့်

● မြေပဲလုံးဆန် ၁၀၀ ပိဿာလျှင် ၈၂၀၀၀၀ ကျပ်မှ ၈၃၀၀၀၀ ကျပ်သို့လည်းကောင်း၊

● မြေပဲ (ဆီဆံ) မှာ အသစ်စတင်ဝင်ချိန်နီး၍ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် အရည်သွေး အကောင်းဆုံး ၁၀၀ ပိဿာ ၇၅၀၀၀၀ ကျပ်မှ ၇၇၀၀၀၀ ကျပ်သို့ မသိမသာ မြင့်သွားသည်။

နှမ်းမျိုးစုံ ဈေးနှုန်းအနေဖြင့် မိုးနှမ်းဝင်ချိန်နီးခြင်း၊ လှောင်လက်ထံမှဝယ်ရခြင်း တရုတ် ဝယ်လက်နှင့် လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့်၊

● နှမ်းဖြူ ၄၅ ပိဿာ အရည်အသွေး အကောင်းဆုံး ၄၁၀၀၀၀ ကျပ်မှ ၄၃၅၀၀၀ ကျပ်၊
● နှမ်းညိုမှာ မိုးနှမ်းသစ်စတင်ဝင်ရောက်မှု ရှိခြင်းကြောင့် ၄၅ ပိဿာ ၃၂၈၀၀၀ ကျပ်မှ ၃၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး
● နှမ်းနက်မှာ တရုတ်ဝယ်လက် အနည်းငယ်ရှိပြီး အသစ်မဝင်သေးခြင်းကြောင့် ၄၅ ပိဿာ ၃၁၀၀၀၀ ကျပ်မှ ၃၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

● မိုးနှမ်းသစ်အနေဖြင့် နှမ်းနီ ၄၅ ပိဿာ ၃၃၀၀၀၀ ကျပ်၊ နှမ်းဝါ ၃၂၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှု ရှိသည်။

● ပန်းနှမ်းမှာ စိုက်ပျိုးထားဆဲ ဖြစ်ခြင်း၊ လက်ကျန်နည်းခြင်း ဆီစက်သမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၄၅ ပိဿာ ၁၈၅၀၀၀ ကျပ်မှ ၁၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

● နေကြာမှာ မိုးနေကြာ မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်း၊ ဆီစက်သမား အဝယ်ရှိခြင်း ကြောင့် ၂၇ ပိဿာ ၁၃၀၀၀၀ ကျပ်မှ ၁၄၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ဆီဈေးနှုန်းများမှာ
● ပဲဆီ ၁၅၀၀၀ ကျပ်
● နှမ်းဆီ ၁၃၅၀၀ ကျပ်
● ပဲပုတ်ဆီ ၆၂၀၀ ကျပ် မှ ၇၀၀၀ ကျပ်၊
● မုန့်ညင်းဆီ ၁၂၀၀၀ ကျပ်

ဈေးမသိမသာ မြင့်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 25 August 2023 18:17
Rate this item
(0 votes)