Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


foodpanda နှင့် Wave Money ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော WavePay တို့ပူးပေါင်း၍ foodpanda app အတွင်း မိုဘိုင်းငွေပေးချေမှုစနစ်ကို ပထမဦးဆုံးအဖြစ် စတင်ထည့်သွင်း

foodpanda နှင့် Wave Money ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော WavePay တို့ပူးပေါင်း၍ foodpanda app အတွင်း မိုဘိုင်းငွေပေးချေမှုစနစ်ကို ပထမဦးဆုံးအဖြစ် စတင်ထည့်သွင်း

 

မြို့ပေါင်း ၁၉ မြို့ရှိ foodpanda အသုံးပြုသူများသည် WavePay ဖြင့် အဆင်ပြေချောမွေ့ကာ လုံခြုံစိတ်ချရပြီး ငွေသားဖြင့်ပေးချေစရာမလိုဘဲ အွန်လိုင်းမှ ငွေပေးချေနိုင်ပြီဖြစ်သည်။

 

 1.jpg

 

foodpanda နှင့် Wave Money ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော WavePay တို့ပူးပေါင်း၍ foodpanda application ၌ ပထမဦးဆုံး မိုဘိုင်းငွေကြေးဖြင့်ပေးချေခြင်းစနစ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ မြို့ပေါင်း ၁၉ မြို့ရှိ foodpanda အသုံးပြုသူများသည် foodpanda ၏ ဝန်ဆောင်မှုများဖြစ်သော delivery, shops, pandamart နှင့် pick up တို့မှ မှာယူရာ၌ WavePay အား အသုံးပြု၍ ငွေပေးချေနိုင်ပြီဖြစ်သည်။

အဆိုပါ မိတ်ဖက်ပူးပေါင်းမှုသည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည့် foodpanda နှင့် Wave Money တို့၏ ကတိကဝတ်အား သက်သေထူလိုက်ခြင်းပင်ဖြစ်သည်။ ဤမိတ်ဖက်ပူးပေါင်းမှုကြောင့် foodpanda အသုံးပြုသူ ၁ သန်းကျော်သည် ကပ်ရောဂါဖြစ်ပွားနေသည့်ကာလများ၌ ပို့ဆောင်သူ rider များနှင့် တိုက်ရိုက်ထိတွေ့မှုမရှိဘဲ အဆင်ပြေချောမွေ့ကာ လုံခြုံစိတ်ချရသော ငွေပေးချေမှုစနစ်ဖြင့် မှာယူနိုင်မည်ဖြစ်သည့်အပြင် လစဥ် WavePay အသုံးပြုသူ ၂ သန်းကျော်တို့သည်လည်း မိတ်ဖက်ဆိုင် ၂၀,၀၀၀ ကျော်တို့ဖြင့် ချိတ်ဆက်ထားသည့် အကြီးမားဆုံးသော ပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်သည့် foodpanda မှ လွယ်ကူစွာဖြင့် မှာယူနိုင်ကြတော့မည်ဖြစ်သည်။

စားသုံးသူများသည် ၄င်းတို့၏ နေ့စဥ်နှင့်အမျှ လိုအပ်သည့်အရာများ ဝယ်ယူရာ၌ ငွေသားမဲ့စနစ်ဖြင့် ပေးချေ ဝယ်ယူနိုင်တော့မည်ဖြစ်သည်။ ထိုနည်းအားဖြင့် စားသုံးသူများသည် ငွေကြိုတင်ပေးချေ၍ မှာယူရခြင်းဖြစ်သဖြင့် ပို့ဆောင်သူ rider များအတွက်လည်း ပို့ဆောင်ချိန်၌ ငွေသားများ လက်ထဲ ကိုင်ဆောင် ထားရခြင်း၊ ပြန်အမ်းရမည့် အကြွေရှာဖွေရခြင်းအစရှိသည့် အခက်အခဲများအား အဆင်ပြေပြေ လျှော့ချပေးနိုင်မည် ဖြစ်ပြီး မိတ်ဖက်လုပ်ငန်းများအနေဖြင့် မှာယူစားသုံးသူအသစ်များနှင့် ပိုမိုမြင့်တက်လာမည့် အော်ဒါများအား ရရှိနိုင်မည်ဖြစ်သည်။

“နေ့စဥ်ဘဝမှာ လိုအပ်တဲ့ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို မြန်ဆန်လုံခြုံစိတ်ချရစွာနဲ့ အွန်လိုင်းမားကတ်ကနေ တစ်နေရာတည်းမှာပဲ ဝယ်ယူနိုင်ဖို့က အသုံးပြုသူတွေရဲ့ လိုအပ်ချက်ဖြစ်လာတဲ့အလျောက် foodpanda အနေနဲ့ ဒီလို လိုအပ်ချက်တွေနဲ့ လိုက်လျောညီထွေဖြစ်စေဖို့အတွက် Wave Money နဲ့အတူ မိုဘိုင်းငွေပေးချေမှုစနစ်တစ်ခုကို ထည့်သွင်းဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။” ဟု foodpanda Myanmar ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဇေယျာမင်းမှ ပြောကြားသွားခဲ့ပါသည်။

On-demand delivery အား အသုံးပြုသူ ပိုမိုများပြားလာသည့် အလျောက် ပို့ဆောင်သူနှင့် တိုက်ရိုက်ထိတွေ့ခြင်းမရှိဘဲ ငွေသားမဲ့ ဝယ်ယူနိုင်သည့် ဒီဂျစ်တယ် ငွေပေးချေမှုစနစ်သည် အွန်လိုင်းမှ အစားအသောက်များမှာယူရာ၌ ပိုမိုလွယ်ကူအဆင်ပြေစေပြီး မိုဘိုင်းပိုက်ဆံအိတ်နှင့် ငွေသားမဲ့စနစ်အား တွင်တွင်ကျယ်ကျယ် အသုံးပြုမှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

“Wave Money က မြန်မာနိုင်ငံသားတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေကို ဆက်လက်ပေးစွမ်းဖို့ အဆင်သင့်ရှိနေပါတယ်။ လက်ရှိအခြေအနေမှာ ငွေလွှဲဖို့၊ လစဉ်ကြေးတွေပေးဆောင်ဖို့၊ အစားအသောက်နဲ့ အသုံးအဆောင်တွေဝယ်ယူဖို့ စတာတွေကို အွန်လိုင်းကလုပ်ဆောင်တဲ့အခါမှာ ပို့ဆောင်ပေးတဲ့သူတွေနဲ့ တိုက်ရိုက်ထိတွေ့ရတာမျိုးမရှိဘဲ ငွေသားမဲ့ဝယ်ယူနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုတိုးလာတာဟာ ပြည်သူတွေရဲ့ နေ့စဥ်ဘဝမှာ အများကြီး အဆင်ပြေ လုံခြုံစေဖို့ အထောက်အကူပြုမှာပါ။ ဒါကြောင့် အခုလို foodpanda နဲ့ပူးပေါင်းမှုက မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်စနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာဖို့ တစ်ဆင့်ပိုပြီးနီးစပ်လာစေတယ်လို့လည်း ပြောလို့ရပါတယ်” ဟု Wave Money ၏ CEO ဖြစ်သူ Brad Jones မှ ပြောကြားခဲ့ပါသည်။

 

 

2foodpandfa.jpg

 


foodpanda အသုံးပြုသူများသည် foodpanda အက်ပလီကေးရှင်းမှဖြစ်စေ၊ Website မှဖြစ်စေ အော်ဒါမှာယူရာ၌ WavePay ဖြင့် အလွယ်တကူ ငွေပေးချေနိုင်မည်ဖြစ်သည်။ ဧပြီလ ၇ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အတွင်း foodpanda delivery နှင့် pick up တို့မှ WavePay ဖြင့် ပေးချေဝယ်ယူမည့် အသုံးပြုသူအသစ်များသည် အထူးလျှော့စျေး ၃၀% ခံစားခွင့်လည်း ရရှိမည်ဖြစ်သည်။ အော်ဒါမှာယူရာ၌ FPWAVE ဟူသည့် ဘောက်ချာကုတ်အား ထည့်သွင်းပြီး အနည်းဆုံး ၇၀၀၀ ကျပ်ဖိုး မှာယူလိုက်ရုံဖြင့် ၃၀% (၃၀၀၀ ကျပ်အထိ) လျှော့စျေး ခံစားခွင့် ရရှိနိုင်မည်ဖြစ်သည်။ foodpanda Myanmar နှင့် WavePay Facebook တို့အား ဝင်ရောက်ထားခြင်းဖြင့် နောင်လာမည့် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသော ပရိုမိုးရှင်းအစီအစဥ်များအားလည်း သိရှိနိုင်ပါသည်။

Read times Last modified on Sunday, 08 May 2022 11:27
Rate this item
(0 votes)