Myanmar
ငါးချဉ်စပ်ဟင်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ငါးကြိုက်နှစ်သက်သူများအတွက်
ငါးချဉ်စပ်ဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ ငရုတ်ခြောက်၊ ငရုတ်သီးလေးစိပ်ကွဲ၊ သစ်ဂျပိုး၊ နာနတ်ပွင့်၊ ငရုတ်နှစ်၊ ငရုတ်ချဉ်ပဲငပိနှစ်၊ ပဲငံပြာရည်၊ သကြား၊ သံပရာသီး၊ ဆား၊ နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်၊ ရှာလကာရည်၊ ကော်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဆုံး ငါးကိုအကြေးခွံထိုး ဗိုက်ခွဲပြီး ရေဆေးသန့်စင်ထားပါ။ သံပရာသီး၊ ဆား၊ နနွင်းမှုန့်တို့ကို ရောနယ်၍ ငါးကိုပွတ်နယ်ပြီး မိနစ်အနည်းငယ် ခဏထားပြီးရေစင်စင်ဆေးချလိုက်ပါ။
ငါးပေါ်က အညှီအချွဲတွေပျောက်အောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။ ပြီးလျှင် ရေခဏစစ်ထားပြီး မီးဖိုးချောင်သုံးစက္ကူနဲ့သုတ်၍ ငါးကို ဆား၊ နနွင်းငရုတ်ကောင်းနဲ့နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
နှပ်ထားတဲ့အချိန်မှာ ဟင်းအနှစ်အတွက်ပြင်ဆင်ထားပါ။
ဟင်းအနှစ် စချက်ဖို့အတွက် အိုးထဲကို ဆီထည့်ပြီး ဆီပူလာလျှင် ငါးကိုထည့်ပြီး တစ်ဖက်ကို မိနစ်အနည်းကြာစီ ကြော်ပေးပါ။ အရေပြားတင်းရုံလောက်ဆိုရင် တော်ပါပြီ။
ပြီးရင် ငါးကို ဆယ်ထားပြီးကျန်တဲ့ ဆီထဲကို ငရုတ်သီးလေးစိပ်ကွဲနဲ့ ငရုတ်ခြောက်ထည့်ကြော်လိုက်ပါ။
အနံမွှေးလာလျှင် ဆယ်ထားပြီး အိုးထဲသို့ ကျန်တဲ့ပစ္စည်းတွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်နှစ်၊ သစ်ကြပိုး၊ နာနတ်ပွင့်ထည့်၍ ဆီသတ်ပါ။
မွှေးလာမှ ငရုတ်ချဉ်၊ ငံပြာရည်၊ ပဲငံပြာရည်၊ သကြားထည့်မွှေပြီး ခဏကြာမှ ရေနို့ဆီဗူးတဝက်ခန့်ထည့်၍ ရေဆူအောင်တည်ထားပါ။
ရေဆူလာမှ မီးလျော့ပြီး ငါးကိုထည့်၍ အိုးထဲမှအရည်ကို ဇွန်းနဲ့ခက်ပြီး ငါးပေါ်လောင်းချလိုက်ပါ။
ပြီးလျှင် အဖုံးအုပ်ထားပြီး မိနစ်အနည်းငယ်တစ်ခါလောက်အဖုံးဖွင့်ကာ ငါးပေါ်ကိုလောင်းချပေးပါ။
နှစ်ဖက်မျှပြီးအရသာဝင်အောင်ပါ။ မိနစ်အနည်းငယ်ကြာပြီဆို ငါးလဲကျက်ပြီ။ ပြီးမှ တဖြေးဖြေးဆယ်ပြီး ပန်းကန်ထဲထည့်လိုက်ပါ။
အိုးထဲမှ ကျန်တဲ့အရည်ထဲကို ကြက်သွန်မိတ် ထည့်မွှေပါ။ ဆယ်ထားသော ငရုတ်ခြောက်များထည့်လိုက်ပါ။
နောက်ဆုံးမှ ကော်မှုန့်ရေဖျော်ထည့်ပြီးမွှေကာ ငါးပေါ်သို့လောင်းချကာ အရသာရှိတဲ့ ငါးချဉ်စပ် ဟင်းတစ်ခွက်ကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။