Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရနောင်းငါးဈေးကွက် အဝယ်ရပ်လိုက်ပါက ငါးဖမ်းလုပ်ငန်းအားလုံး ရပ်သွားနိုင်ပြီး ရေလုပ်သားများ အခက်အခဲဖြစ်သွားနိုင်

ရနောင်းငါးဈေးကွက် အဝယ်ရပ်လိုက်ပါက ငါးဖမ်းလုပ်ငန်းအားလုံး ရပ်သွားနိုင်ပြီး ရေလုပ်သားများ အခက်အခဲဖြစ်သွားနိုင် mdn.gov

တနင်္သာရီကမ်းရိုးတန်း မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသည့်

ကမ်းဝေးငါးဖမ်း ရေယာဉ်များမှ ဖမ်းဆီးရမိငါးများကို ရနောင်ငါးဈေးကွက်တွင်သာ ရောင်းချနေရ၍ ဈေးနှုန်းကျ ဆင်းလျက်ရှိကာ ရနောင်းငါးဈေးကွက် အဝယ်ရပ်လိုက်ပါက ငါးဖမ်းလုပ်ငန်းအားလုံး ရပ်သွားနိုင်ပြီး ရေလုပ်သားများ အခက်အခဲဖြစ်သွားနိုင်သည်ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 

“ လက်ရှိတော့ ရနောင်းဖွင့်ထားသ၍တော့ အရောင်းအဝယ်ဖြစ်နေမယ်။ တကယ်လို့ ရနောင်းပါ ပိတ် သွားမယ်ဆိုရင်တော့ ငါးဖမ်းလုပ်ငန်းတွေအားလုံး ရပ်သွားနိုင်တယ်။ ရေလုပ်သားအားလုံး စားဝတ်နေရေး အခက်အခဲဖြစ်နိုင်တယ်။ လက်ရှိရေလုပ်သားဦးရေ ငါးဖမ်းလှေမှာ (၃)သောင်းကျော် ရှိတယ်။ (၃)သောင်းကျော်နဲ့ ဆက်နွယ်တဲ့ မိသားစုက တစ်သိန်းကျော်ခန့်ရှိမယ်။ ရနောင်းမပိတ်ဖို့အတွက် ဆုတောင်းနေရတယ် ” ဟု တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုး က ပြောကြားသည်။

 

လက်ရှိအချိန်တွင် ငါးဖမ်းလှေများမှ ဖမ်းဆီးရမိ ငါးများကို ထိုင်းနိုင်ငံ ရနောင်းငါးဈေးကွက်တွင် ရောင်း ချလျက်ရှိပြီး တန်ဖိုးနည်းသည့်ငါးများကို မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် ရောင်းချကြပြီး တန်ဖိုးများသည့်ငါးများကို ရနောင်းငါးဈေးကွက်၌ ရောင်းချကြသည်။ ငါးဖမ်းလှေများမှ ဖမ်းဆီးရမိငါးများ ရောင်းလိုအား နည်းနေသည့်အတွက် ရနောင်းငါးဈေးကွက်တွင် ဝယ်လိုအား ရှိနေသေးသည်လို့ ရေလုပ်ငန်းရှင်များထံမှ သိရသည်။

 

“ အဓိကတော့ ငါးတွေကို ရနောင်းမဝယ်ဘူးဆိုရင် ငါးလှေတွေရပ်သွားနိုင်တယ်။ မြိတ်မှာ ငါးဖမ်းလှေ အစီး တစ်ထောင်ကျော်ရှိတယ်။ တံတားတွေ အအေးခန်းစက်ရုံတွေရှိရင် တန်ဖိုးမြင့်ထုတ်ကုန်ထုတ်ပြီးတော့ တန်ဖိုးမြင့်ထုတ်ကုန်ကို ကြိုက်တဲ့အချိန် ပြန်ထုတ်ရောင်းလို့ရတယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်း ရလာမယ်။ နိုင်ငံတော်မှ လုပ်နိုင်တဲ့လုပ်ငန်းရှင်တွေကို အအေးခန်းစက်ရုံတွေ ဆောက်လုပ်မယ့်မြေနေရာတွေ တံတားတွေ စက်ရုံတွေဆောက်မယ့် မြေနေရာတွေ စီစဉ်ဆောင်ရွက်ပေးရင် လုပ်ငန်းကြီးတွေဆက်လက် လည်ပတ်နိုင်မယ်။ နိုင်ငံတော်လည်း တန်ဖိုးမြင့်ထုတ်ကုန်ထွက်လာတော့ အခွန်အခလည်း ပိုရလာမှာပါ။ အအေးခန်းစက်ရုံဖြစ်လာရင် ကိုယ့်ဆီက အလုပ်သမားတွေနဲ့ ထိုင်းရောက်နေတဲ့ အလုပ်သမားတွေ အားလုံးပြန်လာလုပ်ပေးနိုင်ပါတယ် ” ဟု ဦးသက်စိုးက ထပ်မံပြောကြားခဲ့သည်။

 

တနင်္သာရီကမ်းရိုးတန်းမှ ဖမ်းဆီးရမိငါးများ ရနောင်းငါးဈေးကွက်သို့ (၉၅) ရာခိုင်နှုန်း ရောက်ရှိပြီး ၄င်းမှ တစ်ဆင့် တခြားငါးဈေးများသို့ ရောက်ရှိကြောင်း၊ ရနောင်းငါးဈေးကွက် အရောင်းအဝယ်ရပ်လိုက်ပါက တခြားငါး ဈေးကွက်မရှိ၍ ငါးဖမ်းလုပ်ငန်း ရပ်သွားနိုင်ပြီး မြိတ်မြို့တွင် ငါးတံတားများ အအေးခန်းစက်ရုံများရှိလာအောင် နိုင်ငံတော်မှ ရေလုပ်ငန်း ထဲထဲဝင်ဝင် လုပ်နိုင်ကိုင်နိုင်သည့်သူများကို ငါးတံတားများ အအေးခန်းစက်ရုံ ဆောက်နိုင်ရန် ကူညီပေးနိုင်ရန် လိုအပ်ကာ ငါးတံတားများ အအေးခန်းစက်ရုံများရှိလာမှ နိုင်ငံတကာကို ခေါ်ရောင်းနိုင်မည်ဖြစ်ပြီး ယခုလို ကိုဗစ်-၁၉ ကာလတွင် ရေလုပ်သားများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်မှာဖြစ်သည်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ် မှ သိရသည်။

 

 

By Myanmar Food Guide

mdn.gov

Read times
Rate this item
(7 votes)