Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဧပြီ၊ မေ ၂ လအတွင်း ပဲမျိုးစုံပြည်ပတင်ပို့မှု ကန်ဒေါ်လာ သန်း ၂၃၀ ကျော်ရရှိ

ဧပြီ၊ မေ ၂ လအတွင်း ပဲမျိုးစုံပြည်ပတင်ပို့မှု ကန်ဒေါ်လာ သန်း ၂၃၀ ကျော်ရရှိ

 

ဧပြီ၊ မေနှစ်လအတွင်းပဲမျိုး စုံပြည်ပတင်ပို့မှုက အမေရိကန် သည်။ ဒေါ်လာသန်း ၂၃၀ ကျော်အထိ ရရှိကြောင်း သိရသည်။

 

  • ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ  အမေရိကန်ဒေါ်လာ ၁၉၄ ဒသမ ၉၉၃ သန်း၊ 

  • နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ  အမေရိ ကန်ဒေါ်လာ ၃၆ ဒသမ ၈၈၁ သန်း၊

တင်ပို့ရောင်းချခဲ့ကြောင်းသိရသည်။

 

ပဲမျိုးစုံတင်ပို့ရောင်းချခဲ့ရာတွင်

  • ပဲတီစိမ်းကို အများဆုံး တင်ပို့ရောင်းချပေးခဲ့ရပြီး 

  • မတ်ပဲ ကို ဒုတိယအများဆုံးနှင့် 

  • မြေထောက်ပဲကို တတိယအများဆုံး 

တင်ပို့ရောင်းချပေးခဲ့ပါသည်။

 

  • ပဲတီစိမ်း  အမေရိကန်ဒေါ်လာ ၁၁၇ ဒသမ ၇၅ သန်းဖိုး၊

  • မတ်ပဲ အမေရိကန် ဒေါ်လာ ၃၇ ဒသမ ၈၁၂ သန်းဖိုး

  • မြေထောက်ပဲ အမေရိကန် ဒေါ်လာ ၁၈ ဒသမ၈ဝ၉သန်းဖိုး

တင်ပို့ခဲ့ကြောင်း သိရပါသည်။

 

၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် ပဲအမျိုးအစားပေါင်း နှစ်ဆယ် ကျော်တင်ပို့ ရောင်းချပေးခဲ့ခြင်း ဖြစ်ပြီး ၂၀၂၁-၂၀၂၂ မီနီဘတ် ဂျက်တွင် တင်ပို့ရောင်းချ ခြင်းမရှိခဲ့သည့် ပဲကတ္တီပါ (စွန် တာနီ/စွန်တာပြာ) ကိုလည်းတင်ပို့ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။ 

 

ပဲကတ္တီပါ (စွန်တာနီ/ စွန်တာပြာ)ကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိ ကန်ဒေါ်လာ သုညဒသမ ၄၈၉ ဖိုး တင်ပို့ရောင်းချခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာမူ တင်ပို့ခြင်းမရှိကြောင်း သိရသည်။ 

 

ဧပြီ၊ မေ ၂ လအတွင်းတွင် ပဲတီစိမ်းလုံးခြမ်း၊ ပဲကတ္တီပါ (စွန်တာနီ/ စွန်တာပြာ)၊ ပဲနီ ကြား၊ နိုင်လွန်ပဲ၊ မြေပဲ(အခွံပါ) များကို  ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ တင်ပို့ ခဲ့ခြင်းမရှိသော်လည်း  နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှသာတင်ပို့ ခဲ့ကြောင်း သိရပါသည်။

 

မြန်မာနိုင်ငံ၏ ပဲမျိုးစုံစိုက် ပျိုးလုတ်လုပ်နေမှုသည် လယ်ယာထွက်ကုန်ပစ္စည်းထွက်ရှိမှု စုစုပေါင်းတန်ဖိုး၏  ၃၃ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။ 

Read times
Rate this item
(0 votes)