Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အုန်းနို့ နာနတ်ဖျော်ရည်လုပ်နည်း

အရသာ ချိုချဉ်လေးကြိုက်နှစ်သက်သူများအတွက် လူကိုလန်းဆန်းစေပြီး

အုန်းနို့အနံ့မွှေးစေတဲ့ အုန်းနို့နာနတ်ဖျော်ရည် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ အုန်းနို့၊ သကြား၊ နာနတ်သီး၊ ရေခဲတို့ ပါဝင်ပါမယ်။

 

ပထမဦးဆုံး Blender ထဲကို နာနတ်သီး၊ အုန်းနို့၊ သကြားတို့ထည့်ပြီး ကြိတ်ပေးထားပါ။

 

ပြီးလျှင် အရသာကို မြည်းကြည့်ပါ။ အချိုကြိုက်ရင်တော့ သကြားကို ထပ်ထည့်ပါ။

 

ပြီးလျှင် ကြိတ်ထားတဲ့ နာနတ်သီးတို့ကို ဖန်ခွက်ထဲထည့်၊ ရေခဲတုံးလေးထည့်ပြီးရင်တော့ အရသာရှိတဲ့ အမောပြေစေတဲ့ ချိုချဉ် နာနတ်သီးဖျော်ရည်ကို သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 24 October 2018 11:31
Rate this item
(2 votes)