Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားဟင်းအနှစ်ဖြင့် ချက်နည်း

ကြက်သားဟင်းကို ပုံမှန်ချက်နေကျပုံစံမျိုးမဟုတ်ဘဲ

အပြောင်းအလဲဖြစ်အောင် ရေကျန်ဖြင့်မချက်ဘဲ အနှစ်ဖြင့်ချက်နည်းကို ဖော်ပြလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ကြက်သား ၂၀ သား၊ ကြက်သွန်နီ ၁ လုံး၊ ကြက်သွန်ဖြူ ၂ လုံး၊ ချင်းလက်တစ်ဆစ်၊ ဆီ အနည်းငယ်၊ ကြက်သားမှုန့်အနည်းငယ်၊ ဆား အနည်းငယ်၊ နနွင်းမှုန့်အနည်းငယ်၊ မဆလာ အနည်းငယ်နှင့် နံနံပင် အနည်းငယ်တို့ လိုအပ်ပါတယ်။

ကြက်သားကို အတုံးသေးသေးတုံးပြီး ရေသန့်စင်အောင်ဆေးကြောပါ။ ပြီးလျှင် ကြက်သားမှုန့်၊ နနွင်းမှုန့်၊ ဆား၊ မဆလာတို့ဖြင့်နယ်ထားပါ။

ပြီးနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကိုရော၍ ညက်အောင်ရောထောင်းထားပါ။ နံနံပင်ကို ရေစင်အောင်ဆေးပြီး လှီးဖြတ်ထားပါ။

ဒယ်အိုးထဲသို့ ဆီထည့်၍ အပူပေးပြီး ဆီဆူလာလျှင် ထောင်းထားသော အနှစ်များကို ထည့်၍ ဆီသတ်ပါ။

အနှစ်များ ကြွပ်ခါနီးလျှင် နံနံပင်ကို ထည့်၍ မွှေပေးပါ။ အနံ့များမွှေးလာလျှင် ကြက်သားကိုထည့်၍ လုံးပါ။ ပြီးနောက် ကြက်သားအပေါ်ရည်တင်းလာလျှင် ရေနွေးနည်းနည်းထည့်၍ တည်ထားပါ။

ကြက်သားများနူး၍ အနှစ်များပျစ်လာလျှင် စိတ်ကြိုက်မြည်းစမ်းကာ နံနံပင်အနည်းငယ်ကို အပေါ်မှတင်၍ အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 16:50
Rate this item
(1 Vote)