Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေတဲ့ သရက်သီးဆားရည်စိမ် ပုစွန်ခြောက်ထောင်း

သရက်သီးပေါ်တုန်းလေး ထမင်းဝိုင်းမှာ အအီပြေ စားဖို့ဘဲဖြစ်ဖြစ် စားလို့အရမ်းကောင်းတဲ့ သရက်သီးဆားရည်စိမ်နဲ့ ပုစွန်ခြောက်ထောင်း လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများ သရက်သီး ဆားရည်စိမ်၊ ကြက်သွန်နီ၊ ပုစွန်ခြောက်၊ ငရုတ်သီးအလှော်မှုန့်၊ ဟင်းခတ်မှုန့်တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး သရက်သီး ဆားရည်စိမ်ပြီးသားကို ရေဆေးပြီး ဓါးဖြင့် လိုက်ပေါက်ပေးပါ။

 

ပြီးနောက် တစ်လုံးလုံး အပြည့်လိုက်ပေါက်ပြီးတာနဲ့ ခပ်ပါးပါးလေး လှီးချထားပါ။

 

ပြီးလျှင် ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ။

 

ပြီးနောက် ပုစွန်ခြောက်ကို ရေအနည်းငယ်ထည့်ပြီး ပွလာအောင် ရေစိမ်ထားပါ။

 

အားလုံးအဆင်သင့်ဖြစ်တာနဲ့ ငရုတ်ဆုံကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကိုထည့်ပြီး ထောင်းပေးပါ။

 

ထောင်းတဲ့အခါ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးရပါမယ်။

 

သရက်သီး ဆားရည်စိမ်က အငန်ပါပြီးသားဖြစ်တဲ့အတွက် အငန်ထပ်ထည့်စရာမလို။

 

ပြီးလျှင် ပန်းကန်တစ်ခုထဲသို့ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ်အရသာပါဝင်တဲ့ သရက်သီးဆားရည်စိမ် ပုစွန်ခြောက်ထောင်းလေးကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)