Myanmar
ကုန်စည်များအပေါ် တားမြစ်မိန့်ထုတ်ပြန်ထားမှုများအားထပ်မံဖော်ပြအသိပေးခြင်း
ကုန်စည်များအပေါ် တားမြစ်မိန့်ထုတ်ပြန်ထားမှုများအားထပ်မံဖော်ပြအသိပေးခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၀)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၀ ဖြင့် “ကုန်စည်များအပေါ် တားမြစ်မိန့်ထုတ်ပြန်ခြင်း” အားလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် မတ်လ (၃၁)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၂၀ ဖြင့် “အခွင့်အာဏာအပ်နှင်းခြင်း” အားလည်းကောင်း ထုတ်ပြန်ကြော်ငြာခဲ့ပါသည်။
၂။ Covid-19 ကာလတွင် အဆိုပါ အမိန့်ကြော်ငြာစာများအတိုင်း လိုက်နာရန်နှင့် ဈေးကွက်အတွင်း ပုံမှန်ထက်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
By Wyk (Myanmar Food Guide)
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်